www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 25, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်



နေပြည်တော် ၂၅-၉-၂ဝ၁၈

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်း ကင်းစခန်းမှ ဒုတိယရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ်ရင်း Gorjonbuniya ကင်းစခန်းမှ Naib Subedar Md. Sultan Ahmad ဦးစီးသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၃ရက် နံနက် ၁၁နာရီ ၁၅မိနစ်မှ မွန်းလွဲ၁၂နာရီ ၄၅မိနစ်ထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄ဝ)မှ (၄၁)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့ကြသည်။

အလားတူ နံနက် ၁၁နာရီ ၂၅မိနစ်မှ မွန်းတည့် ၁၂နာရီထိ မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ မှတ်တိုင် (၅၁-ခွဲ) ကင်းစခန်းမှ ဒုတိယရဲအုပ် ညွန့်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၁၁) BGB တပ်ရင်း Panchari ကင်းစခန်းမှ Naib Subedar Md.Sultan Ahmad ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ စကားပြန်၊ လမ်းပြတို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၅၁/၅)မှ (၅၂)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger