www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 21, 2018

ရထားစီး ခရီးသည်များအား ရေတာရှည်နှင့် ဆွာဘူတာအကြား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက် ကူညီ ပို့ဆောင်၊ ရန်ကုန်-မန္တလေး အဆန်လမ်း ပြန်လည်ပြုပြင် ပြီးစီး၍ ရထားခရီးစဉ်များ စတင်ပြေးဆွဲ




နေပြည်တော် ၂၁-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့၊ ဆွာချောင်း ရေလှောင်တမံ၊ ရေလွှဲတံခါး ကျိုးပေါက်ပြီး မီးရထားလမ်း ရေတိုက် စားမှုကြောင့် ပျက်စီး သွားသည့် ရထားလမ်းများအား ပြုပြင်လျက် ရှိသဖြင့် ရထားစီး ခရီးသည်များ အဆင်ပြေ စွာသွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာအကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ် အမှတ် (၃)မှ ခရီးသည် ၄၄၄ဦးနှင့် ရထားဝန်ထမ်း ၁၂ ဦး၊ မန္တလေး- ရန်ကုန် အစုန်ရထား ခရီး စဉ်အမှတ်(၄)မှ ခရီးသည် ၅၁၅ ဦးနှင့် ရထားဝန်ထမ်း ၁၂ဦးတို့ကို တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၆ စီးဖြင့် ဆက် လက်ပို့ဆောင်ပေးသည်။

ရေတာရှည်မြို့နှင့် ဆွာမြို့အကြားရှိ မီး ရထားလမ်းများသည် ရေတိုက်စားမှုကြောင့် အဆန်လမ်းနှင့် အစုန်လမ်း နှစ်လမ်းလုံး ပျက်စီးသွားခဲ့ပြီး ရထားခရီးစဉ်များပုံမှန်ပြန် လည်ပြေးဆွဲနိုင်ရေးအတွက် အမြန်ဆုံးပြုပြင် လျက်ရှိရာ ရထားကြေးနန်းမိုင်တိုင်အမှတ်၊ ၁၈၉/၁၉ နှင့် ၂၁ ကြားရှိ တံတားအမှတ်၊ ၃ဝ၅ အဆန်လမ်းဘက် အခြမ်းမှာ ပြုပြင် ပြီးစီး ခဲ့သဖြင့် ယနေ့နေ့လယ်ပိုင်းတွင် ဆိုက်ရောက် သည့် အမှတ်(၁၁) အဆန်ရထားနှင့် အမှတ် (၁၂)အစုန် ရထား တို့ စတင်ပြေးဆွဲပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါရထားလမ်းများ ပြုပြင်နေစဉ် အတွင်း ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး အတွက် တပ်မ တော်မှ City Bus မော်တော်ယာဉ်များဖြင့် သြဂုတ် ၁၉ ရက်မှ စတင်ပို့ဆောင် ပေးခဲ့ရာ ယနေ့အထိ ရန်ကုန်-မန္တလေး အဆန်ရထား ခရီးသည် ၁၇၃၃၃ ဦးနှင့် မန္တလေး-ရန်ကုန် အစုန်ရထား ခရီးသည် ၁၅၅၃၆ ဦးတို့ကို ကူညီပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger