www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 24, 2018

ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းတုံ-မိုင်းလားသွား ကားလမ်း၌ ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၂၄-၉-၂ဝ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာ၏ မြောက်ဘက် မီတာ၅ဝဝ ခန့်အကွာရှိ ကျိုင်းတုံ-မိုင်းလားသွား ကားလမ်း၌ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်နှင့် လူဝင်ထွက်မှု များအား စစ်ဆေးစဉ် ယနေ့နံနက် ၃ နာရီခန့်တွင် ကတ်ဖကျေးရွာဘက်မှ ကျိုင်းတုံမြို့ဘက်သို့ မောင်းနှင်လာသည့် ဖော်ကျူးနား အမျိုးအစား လိုင်စင်မဲ့မော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ပါသူ နှစ်ဦးသည် မော်တော်ယာဉ်အားပေ ၁ဝဝ ခန့်အကွာ၌ ရပ်တန့်၍ လမ်းဘေးရှိ လယ်ကွင်းအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။ 

အဆိုပါမော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ယာဉ်နောက် ခန်းအတွင်းရှိ ပီနံအိတ်လေးလုံးအတွင်းမှ အိုက်စ် ၁ ကီလိုခန့်ပါ အထုပ် ၁ဝဝ ထုပ်၊ ၁ဝဝ ကီလိုခန့်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ပေါင်း ၂၅ဝဝဝ)၊ အိုက်လုတ်အမည်ပါ မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် တစ်ခု၊ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ အမျိုးသမီးဓာတ်ပုံ တစ်ပုံနှင့် မြန်မာငွေရောရာ ၂၁၇ဝဝ ကျပ် တို့အား သိမ်းဆည်း ရမိခဲ့သည်။ 

အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ကျိုင်းတုံမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger