www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 28, 2018

ကောလင်း-ပင်လယ်ဘူး လမ်းရေကျော် သွားလာရအခက်အခဲ ဖြစ်ပေါ်နေ



ကောလင်း ၂၈-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အတွင်းရှိ ဒေါင်းမြူးချောင်းရေ မြင့်တက်သဖြင့် ကောလင်း-ပင်လည်ဘူး လမ်းပိုင်း ယနေ့နံနက် ပိုင်းမှစ၍ ရေကျော်နေပြီး သွားလာရ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ကောလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သြဂုတ် ၂၆ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝန်းသိုမြို့ရှိ မိုင်းတုန်တောင်မှ တောင်ကျရေများသည် ဒေါင်းမြူးချောင်းအတွင်း စီးဆင်းဝင်ရောက်ခဲ့ ခြင်းကြောင့် ဒေါင်းမြူးချောင်းရေမှာ မြင့်တက်လာသဖြင့် ကောလင်း-ပင်လည်ဘူးလမ်းပိုင်း ယခုကဲ့သို့ ရေကျော်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီရေက ဝန်းသိုဘက်က ကျလာတာ မနေ့ညက မိုးကြောင့် ကျလာတာပါ။ ဝန်းသိုဘက်မှာ ရေကကျသွားပြီ ဝန်းသိုဘက်က ကျသွားတော့ အဲဒီရေတွေက အခုမှဒီဘက်ကို ရောက်တဲ့သဘောမျိုးပါ။ မိုးကရပ်သွားပြီဆိုတော့ ရေကအကျပဲရှိတော့မှာပါ။ အခုရေက ဒီညသန်းခေါင် လောက်ထိ ရှိရင်ရှိဦးမယ်။ မိုးဆက်မရွာ တော့ဘူးဆိုရင် ကျသွားမှာပါ"ဟု ကောလင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

ဒေါင်းမြူးချောင်းရေ မြင့်တက်လာသဖြင့် ကောလင်း-ပင်လည်ဘူး လမ်းပိုင်း ရေကျော်နေသောကြောင့် ကောလင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ရှစ်ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဦးတို့ဖြင့် အများ ပြည်သူဘေးကင်းစွာ သွားလာနိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"အခု ဆိုင်ကယ်စီးလို့ မရတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ထမ်းပြီးကူညီဆောင်ရွက် ပေးနေပါတယ်။ နောက်ထပ် တစ်နာရီလောက်ဆို ရေက ဒီနေရာတင် မကတော့ဘူး နေရာအနှံ့ဝင်တော့မှာပါ။ ဒီရေတွေက ကောလင်းမြို့ကျော်ဇေယျာရပ်ကွက်(၁)၊ (၂)အတွင်းဝင်တော့မှာပါ"ဟု ကောလင်းမြို့ခံ ကိုမိုးအောင်က ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger