www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 28, 2018

ယခုနှစ်တွင် ငှက်ပျောထွက်ရှိမှုနှုန်း ယခင်နှစ်ထက် ၁၃ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိလာနိုင်



ရန်ကုန် ၂၈-၈-၂ဝ၁၈

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ငှက်ပျောထွက်ရှိမှုနှုန်းမှာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိ လာနိုင်ကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်သူများ အစုအဖွဲ့၏သတင်းများအရ သိရသည်။

ငှက်ပျောကို မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ပျိုးလျက်ရှိရာ လက်ရှိ နေပြည်တော်တွင် ငှက်ပျောစိုက် ဧက ၄ဝဝဝ ကျော်၊ ဧရာဝတီတိုင်း ဒေသကြီးတွင်စိုက်ဧက ၆၁ဝဝဝ ကျော်၊ ကချင်ပြည်နယ်တွင် စိုက်ဧက ၄ဝဝဝဝကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၂ဝဝဝ ကျော်၊ ကရင်ပြည်နယ်တွင် စိုက်ဧက ၁၃ဝဝဝကျော်၊ ရှမ်းပြည်နယ်တွင် စိုက်ဧက၂၁ဝဝဝကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် စိုက်ဧက ၁၁ဝဝဝကျော်၊ တနင်္သာရီတိုင်းဒေသကြီးတွင် စိုက်ဧက ၁၁ဝဝဝ နှင့် အခြားသောပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အနည်းငယ်စီ စိုက်ပျိုးမှုများ ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး၏ ငှက်ပျောထွက်ရှိမှု နှုန်းမှာနှစ်စဉ် ငှက်ပျောခိုင်စုစုပေါင်း ၂၃ သန်းခန့်ထွက်ရှိနေပြီး ယခုနှစ်တွင် ငှက်ပျောစိုက်ပျိုးမှု တိုးတက်များပြား လာနေသဖြင့် ယခင်နှစ်ထက် ၁၃ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိလာနိုင်သည်။ မြန်မာနိုင်ငံတွင် ငှက်ပျောကို ဇွန်လ၊ ဇူလိုင်လတို့တွင် စိုက်ပျိုးလေ့ရှိပြီး ထွက်ရှိချိန်မှာ အောက်တိုဘာလမှ ဧပြီလထိဖြစ်သည်။ မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုးနေသည့် ငှက်ပျောအမျိုးအစားများမှာ ရွှေနီ၊ ရခိုင်၊ ဖီးကြမ်း၊သီးမွှေး၊ ဝက်မလွတ် စသည့်ငှက် ပျောမျိုးများ ဖြစ်သည်။

လက်ရှိပြည်တွင်း ငှက်ပျောဈေးကွက် အခြေအနေမှာ ဝါတွင်းကာလဖြစ်နေ၍ ဈေးနှုန်းများကျဆင်း နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger