www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 5, 2018

မကွေးမြို့နယ်အတွင်း အမှိုက်တန်ချိန် ၆၀ခန့် နေ့စဉ်ထွက်ရှိ အမှိုက်သိမ်းယာဉ်များကို GPS စနစ်တပ်ဆင်၍ ကြီးကြပ်နေ



မကွေး ၅-၇-၂ဝ၁၈

မကွေးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှ မီးဖိုချောင်သုံးနှင့် လုပ်ငန်းသုံး အမှိုက်တန်ချိန် ၆ဝ ခန့် နေ့စဉ်ထွက်ရှိနေပြီး ၎င်းတို့ကို သိမ်းဆည်းနေသည့် အမှိုက်သိမ်းယာဉ် ၁၄ စီးနှင့် ရေပုပ်စုပ် ယာဉ်အပါအဝင် အဖွဲ့ပိုင်ယာဉ် ၁၇ စီး၌ ကမ္ဘာလုံးဆိုင်ရာ တည်နေရာ ညွှန်ပြစနစ် ñTefjypepf GPS( Global Positioning System) တပ်ဆင်ကာ လုပ်ငန်းများကို ကြီးကြပ် ပေးနေကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ယခင်က အမှိုက်သိမ်း ယာဉ်များကို ကြီးကြပ်ရာ၌ အမှိုက်သိမ်း ယာဉ်ပေါ်တွင် ဝန်ထမ်းတစ်ဦး တာဝန်ပေးကာ လိုက်ပါ ကြီးကြပ်စေခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံ ရပ်ကွက်အတွင်း မည်သည့် နေ့ရက်က အမှိုက်လာသိမ်း ကြောင်း လက်မှတ်ရေးထိုး မှတ်တမ်းယူသည့် စနစ်ဖြင့် ကြီးကြပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"အမှိုက်သိမ်းယာဉ်တွေ အနေနဲ့ ပေးထားတဲ့ တာဝန်တွေကို စနစ်တကျထမ်းဆောင်ခြင်း ရှိ၊ မရှိ၊အမှိုက်သိမ်းတဲ့ လမ်းကြောင်းတွေမှာလဲ နည်းလမ်းတကျ ဆောင်ရွက်ခြင်းရှိ၊ မရှိဆိုတာတွေကို သိရှိနိုင်ဖို့နဲ့ လုပ်ငန်းတွေကို ထိရောက်လျင်မြန်စွာ ကြီးကြပ်နိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်" ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ သန့်ရှင်းရေးဌာနစိတ် တာဝန်ခံဒုတိယ ဦးစီးမှူး ဦးအောင်ကိုကိုက ပြောပြသည်။

"ခုကတော့ နည်းပညာအရ ခေတ်မီတိုးတက် လာတဲ့အတွက် ဇွန် ၁၆ ရက်ကစပြီး အမှိုက်သိမ်းယာဉ်တွေမှာ GPS တွေ တပ်ပေးပြီး ရုံးခန်းအတွင်းက ကြီးကြပ်တဲ့ စနစ်ကို စသုံးနေပါပြီ။ တစ်စီးအတွက် ငွေကျပ်ခြောက်သောင်း နှုန်းနဲ့ ယာဉ် ၁၇ စီးမှာ GPS တွေတပ်ဆင် ထားတာပါ။ အလုပ်တွေလဲ တွင်ပြီးလိုက်ပါ ကြီးကြပ်နေရတဲ့ ဝန်ထမ်းတွေကိုလဲ အခြားလုပ်ငန်းများမှာ အသုံးချခွင့် တွေရနေပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger