မြင်းခြံ ၃-၇-၂ဝ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂ဝ) ရပ်ကွက် မိုင်တိုင်အမှတ် ၃၇၆/၂ဝ နှင့် ၃၇၆/ ၁၉ ကြား မီးရထား သံလမ်းကူးတွင် ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃ဝ က မီးရထားနှင့် ထော်လာဂျီယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးဘူတာကြီး မှ ထွက်ခွာလာသော အမှတ် (၁၁၈) အစုန်ရထား စက်ခေါင်းအမှတ် ၁ီ-၁၂ဝ၄၁ သည် ရွာကြီးဘူတာနှင့် မြင်းခြံဘူတာကြားရှိ မြင်းခြံမြို့ အမှတ် (၂ဝ) ရပ်ကွက် မိုင်တိုင်အမှတ် ၃၇၆/၂ဝ နှင့် ၃၇၆/၁၉ အကြားရှိ မီးရထား သံလမ်းကူးတွင် ယာဉ်မောင်းနိုင်ဦး မြင်းခြံမြို့နယ် လှိုင်းတက်ကျေးရွာနေသူ မောင်းနှင်လာသော ပြောင်းဖူးရိုးတင် ထော်လာဂျီယာဉ်ဖြင့် ဝင်တိုက်မိခြင်း ဖြစ်သည်။
မီးရထားနှင့် ထော်လာဂျီ ယာဉ်တိုက်မှုကြောင့် မီးရထားစက်ခေါင်း ရှေ့ခြမ်းဝဲဘက်ရှိ မီးသီးနှင့်ယာဘက်ရှိ မီးသီးနှစ်လုံးကွဲကြေခြင်း၊ ကာတာပလင် ယာဘက်ခြမ်း ကျိုးကြေပျက်စီးခြင်း၊ စုစုပေါင်းငွေကျပ် ၇ဝဝဝဝ ခန့်ဆုံးရှုံးခဲ့ပြီး ထော်လာဂျီယာဉ်မှာ လည်းခေါင်းပိုင်းကျိုးကြေပြီး ယာဉ်မောင်းနိုင်ဦးတွင် ဝဲဘက်နားထင်ပွန်းပဲ့ ဒဏ်ရာ၊ ဝဲဘက်ခါးနာ ကျင်ဒဏ်ရာ၊ ယာဘက်ဒူးခေါင်းပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထော်လာဂျီ ယာဉ်မောင်းနိုင်ဦး ကိုမြင်းခြံမြို့မရဲစခန်းက မီးရထား အက်ဥပဒေပုဒ်မ ၅/(ပ) ၃၉၅/ ၂ဝ၁၈ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment