www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 28, 2018

ခရီးသွားများအတွက် အဆင့်မြင့်သန့်စင်ခန်းများ တည်ဆောက်၍ Mobile Toilet များ ဝယ်ယူထား



မုံရွာ ၂၈-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအတွက် အဆင့်မြင့်သန့်စင်ခန်း ၄၂ ခန်းတည်ဆောက်၍ Mobile Toilet ၁၅ လုံး ဝယ်ယူထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ အဆင့်မြင့် သန့်စင်ခန်းများနှင့် Mobile Toilet များကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ခရီးစဉ်ဒေသ များတွင် ခရီးသွားများ အဆင်ပြေစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများတွင် ခရီးသွားများ အဆင်ပြေစေရန် အဆင့်မြင့် သန့်စင်ခန်းများ စီစဉ်ဆောက်လုပ်ပေးမှုကို ကနောင်မင်းသားကြီး သံချက်ဖိုတွင် နှစ်ခန်း၊ အစေခံခံတပ်တွင် နှစ်ခန်း၊ မင်းကွန်းဒေသ ခြင်္သေ့ကြီးအနီးတွင် ၁၄ခန်း၊ဟန်လင်းဒေသတွင် ရှစ်ခန်း၊ အလောင်းတော်ကဿပတွင် ၁၆ ခန်းနှင့် ပွဲတော်အခမ်းအနား များအတွက် Mobile Toilet ၁၅ လုံး ဝယ်ယူထားရှိ စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ခရီးသွားများ အဆင်ပြေစေရန် အထင်ကရ နေရာများကို လေ့လာနိုင်မည့် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များ၊ လမ်းညွှန်မြေပုံများကို ပထမအဆင့်အနေဖြင့် စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့တို့တွင် တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger