www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 28, 2018

ရှေးဟောင်းပေစာထုပ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေ



စစ်ကိုင်း ၂၈-၆-၂ဝ၁၈

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်အနီး စစ်ကိုင်းတိုင်း ဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှု ပြတိုက်သို့ လာရောက်လှူဒါန်း ထားသော နှစ်ပေါင်း ၃ဝဝခန့်ရှိ ရှေးဟောင်း ပိဋကတ်တော် ကျမ်းပေစာထုပ်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရှေးဟောင်းပိဋကတ် တော်ကျမ်းပေထုပ်များကို စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် မူးဝ-ရွာထောင်မွေတော် ကျောင်းတိုက်မှ ၂ဝ၁၆ ခုနှစ် မေ ၈ရက်က ကျမ်းပေထုပ် ၅၇ ထုပ်ကို ပထမအကြိမ်အနေဖြင့် လာရောက်လှူဒါန်းခဲ့ပြီး ယခုနှစ် ဇွန် ၂ဝရက်က ဒုတိယအကြိမ် အနေဖြင့် ကျမ်းပေထုပ် ၁၄ထုပ်ကို လာရောက်လှူဒါန်း ထားခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် လှူဒါန်းထားသည့် ကျမ်းပေထုပ်များကို စနစ်တကျ ထိန်းသိမ်းထားရှိရန် ဆောင်ရွက်နေကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှညွန့်က ပြောပြသည်။

အဆိုပါ ကျမ်းပေထုပ်များမှာ ညောင်ရမ်းခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ် စသည့်ခေတ်များက ပေစာများဖြစ်ပြီး ပိဋကတ်တော် စာပေများဖြစ်ကြောင်း၊ ရှေးဟောင်း ကျမ်းပေထုပ်များကို လှူဒါန်းခဲ့သည့် မူးဝ-ရွာထောင် မွေတော်ကျောင်း တိုက်မှ ဆရာတော်ကို ၂ဝ၁၆ခုနှစ် စက်တင်ဘာ ၁၈ရက်က ပထမအကြိမ်အလှူငွေ ငွေကျပ် ၅၅ဝဝဝဝ ကပ်လှူပူဇော်ခဲ့ကြောင်း၊ ဒုတိယ အကြိမ်လှူဒါန်းသည့် ပေထုပ်များမှ ပေစာများကို လက်ရှိတွင် တစ်ရွက်ချင်းခွဲထုတ်၍ သန့်ရှင်းရေးများ ပြုလုပ်ကာ စပါးလင်များ သုတ်လိမ်းခြင်း၊ အက္ခရာအစဉ်လိုက် ပြန်စီခြင်းများ ပြုလုပ်ဆောင်ရွက်ပြီး စနစ်တကျထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger