ပေါင် ၉-၅-၂ဝ၁၈
မွန်ပြည်နယ် ပေါင်မြို့ စမ်းညီနောင် ချောင်းတံတားတွင် မေ ၇ ရက် ည ၁၁ နာရီခန့်က ဆိုင်ကယ်နှင့် ဟိုက်ဂျက်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာမှ နှစ်ဦးသေဆုံးပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါင်ဘက်မှ ဇင်းကျိုက်မြို့ဘက်သို့ ကျွဲခြံကျေးရွာနေ ပြည့်ဖြိုးအောင်မောင်းနှင်ပြီး နောက်မှ ကော့ထော်ကျေးရွာနေ မျိုးကိုလိုက်ပါလာသော ဆိုင်ကယ်နှင့် ဇင်းကျိုက်ဘက်မှ ပေါင်မြို့ဘက်သို့ မုတ္တမကျေးရွာနေ ယာဉ်မောင်းအောင်ဆန်းဦး မောင်းနှင်ပြီး ဘေးမှ မယုကလျာ လိုက်ပါလာသော ဟိုက်ဂျက်ယာဉ်နှင့် တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ် လိုက်ပါလာသူနှစ်ဦးမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဟိုက်ဂျက်ယာဉ်ပေါ်ပါ နှစ်ဦးမှာ ဒဏ်ရာများရရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ဆန်းဦးနှင့် ပြည့်ဖြိုးအောင်တို့ နှစ်ဦးကို ပေါင်မြို့မရဲစခန်းက ယာဉ်(ပ) ၃၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၄ (က)/၃၃၇ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment