www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 20, 2018

SME လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး နယ်သာလန် ပညာရှင်များ ဖိတ်ခေါ်၍ သင်တန်းပေးရန် စီစဉ်



ရန်ကုန် ၂ဝ-၃-၂ဝ၁၈

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်သာလန် ပညာရှင်များကို ဖိတ်ခေါ်၍ သင်တန်းပေးရန် စီစဉ်ထားကြောင်း Hanmsahub ၏ CEO ဦးသုတအောင်ထံမှ သိရသည်။

''SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ နယ်သာလန်နိုင်ငံက ပညာရှင်တွေကို ခေါ်ပြီး သင်တန်းပေးဖို့ရှိပါတယ်'' ဟု ဦးသုတအောင်က ပြောသည်။

အဆိုပါသင်တန်း အစီအစဉ်ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သော Hanmsahub နှင့် စက်မှုဝန်ကြီးဌာနရှိ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့ ပူးပေါင်းကာ နယ်သာလန်နိုင်ငံမှ Pun အဖွဲ့ကိုဖိတ်ခေါ်၍ သင်တန်းပေးမည် ဖြစ်ကြောင်း သိရသည်။

သင်တန်း၌ လုပ်ငန်း လုပ်ဆောင်ရာတွင် မိမိ၏လုပ်ငန်းကို တန်ဖိုးထားတတ် လာစေရန်၊ လက်ရှိလုပ်ငန်းအား တန်ဖိုးမည်မျှ ရှိသည်ကိုသိရှိပြီး တန်ဖိုးဖြတ်နိုင်စေရန်နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် စီးပွားရေးအစီအစဉ် များကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီး လုပ်ငန်းရှင်များ အတွက် သင်တန်းပေးမည့်အပြင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ လိုသူများနှင့် မြန်မာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger