www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 7, 2018

SME လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေး မျိုးတူစုလုပ်ငန်းများ ဖွဲ့စည်းရာတွင် ပန်းပုလုပ်ငန်းရှင်များကို ဖွဲ့စည်းပေးထား



မန္တလေး ၇-၃-၂ဝ၁၈

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် SME လုပ်ငန်းရှင်များ ပေါ်ထွက် လာစေရေးအတွက် မျိုးတူစုလုပ်ငန်းများကို ဖွဲ့စည်းပေးရာတွင် ပန်းပုလုပ်ငန်းရှင်များကို ဖွဲ့စည်းပေးထား ပြီးဖြစ်ကြောင်း အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သင်းက ပြောပြ၍ သိရသည်။

ထိုသို့ လုပ်ငန်းများအလိုက် မျိုးတူစုလုပ်ငန်းများ ဖွဲ့စည်းပေးရာတွင် အမရပူရမြို့နယ်ရှိ ပန်းပုလုပ်ငန်းရှင်များကို ဖွဲ့စည်းပေးထား ပြီးဖြစ်ကြောင်း၊ ထို့ပြင် မျိုးတူစုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။၊

ထိုမျိုးတူစု လုပ်ငန်းများ ဖွဲ့စည်းပေးမည့် လုပ်ငန်းများမှာ စားသောက်ရေး ဆိုင်ရာလုပ်ငန်း၊ ဝတ်ဆင်ရေး ဆိုင်ရာလုပ်ငန်း၊ နေထိုင်ရေး ဆိုင်ရာလုပ်ငန်း၊ လူသုံးပစ္စည်းလုပ်ငန်း၊ အိမ်သုံးပစ္စည်းလုပ်ငန်း၊ ပုံနှိပ်နှင့်စာအုပ် ထုတ်ဝေရေး လုပ်ငန်း၊ ကုန်ကြမ်းလုပ်ငန်း၊ ဓာတ်သတ္တု ပစ္စည်းများ ပြုပြင်ထုတ်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးကိရိယာ လုပ်ငန်း၊ စက်ပစ္စည်းကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်များထုတ်လုပ်ရေး လုပ်ငန်း၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်ငန်း၊ အထွေထွေ အသေးစားစက်မှု လက်မှုလုပ်ငန်းဟူသည့် လုပ်ငန်း ၁၃ မျိုးအပြင် ဌာနတွင်မှတ်ပုံတင်ထားသော လုပ်ငန်းများကို တူညီသည့်လုပ်ငန်း အမျိုးအစားအလိုက် ဆက်လက်၍ မျိုးတူစုလုပ်ငန်းများ ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖွဲ့စည်းပေးခြင်းဖြင့် မျိုးတူစု လုပ်ငန်းရှင်များ ချေးငွေများ လိုအပ်ပါက ချေးငွေများရရှိ စေရန်အတွက် ထောက်ခံပေးပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ ပြုလုပ်သည့် လုပ်ငန်းများလည်း ပြည်ပသို့ တင်ပို့နိုင်မည် ဖြစ်ပြီး နည်းပညာများ လိုအပ်ပါက ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင်ပြပွဲပြိုင်ပွဲများ တွင်လည်း နှီးနှောဖလှယ်ပွဲများ ဖြစ်လာစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးတူစုများ ဖွဲ့စည်းပေးရာတွင် မြို့နယ်လုပ်ငန်းရှင်များ ဖွဲ့စည်းရာ၌ လုပ်ငန်းရှင်အနည်းဆုံး ကိုးဦးမှ ၁၅ ဦး ရှိရမည်ဖြစ်ပြီး တိုင်းဒေသကြီး အဆင့်တွင် မြို့နယ်သုံးမြို့နယ်ရှိမှသာ မျိုးတူစုလုပ်ငန်းများ ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၎င်းက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger