www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 20, 2018

မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ယခင်နှစ်ကဲ့သို့ သံချပ်ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်



မန္တလေး ၂၀-၃-၂၀၁၈

ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန် ပွဲတော်၌ မြို့တော် မဟာသင်္ကြန် မဏ္ဍပ်တွင် ယခင်နှစ်ကဲ့သို့ သံချပ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်း မြင့်ကပြောပြ၍ သိရသည်။

အဆိုပါ သံချပ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့များ အနေဖြင့် ပြိုင်ပွဲဝင် လူအင်အားနှင့် သံချပ်စာသားများကို ကြိုတင် စိစစ်ခွင့် ပြုပေးနိုင်ရန် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မန္တလေး မြို့တော်စည်ပင် သာယာကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနသို့ ဧပြီ ၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

သံချပ်ပြိုင်ပွဲတွင် ပထမဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၂ သိန်း၊ တတိယငွေကျပ် ၁ဝ သိန်းနှင့် နှစ်သိမ့်ဆု ငါးသိန်းနှုန်းဖြင့် ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကို သင်္ကြန်ကာလအတွင်း အကြိုနေ့၊ အကျနေ့နှင့် အကြတ်နေ့ တို့တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ညနေ ၃နာရီမှ ည ၆နာရီအတွင်း ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲဝင်ချိန်ကို မိနစ် ၃ဝ သတ်မှတ်ထားကြောင်း သိရသည်။

ပြိုင်ပွဲဝင်သံချပ် အဖွဲ့များ လိုက်နာရမည့် စည်းကမ်းချက်များ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခာကို ထိပါးစေနိုင်သည့် တစ်ဖက်သက်စွပ်စွဲပုတ်ခတ် ရေးသား သီဆိုမှုများမပါရှိရန်၊ တိုင်းရင်းသား
စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့် ရေးသားသီဆိုမှုများ မပါရှိရန်၊ မည်သည့်ဘာသာ၊ သာသနာကိုမျှ ထိပါးစော်ကားသည့် စာသားများမပါရှိရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား၊ဝတ်ဆင်မှု၊ သရုပ်ဖော်မှုများ မပါရှိရန်နှင့် ပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ရပ်ရပ် အပေါ်တစ်ဖက်သက် စွပ်စွဲပုတ်ခတ်မှုများ မပါရှိရန်တို့ ဖြစ်ကြောင်းသိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger