www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 16, 2018

ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော မေခ၊မလိခမြစ်ဆုံသို့ လာရောက်လည်ပတ်သူ နေ့စဉ်နှင့်အမျှ များပြားလျက်ရှိ



မြစ်ကြီးနား ၁၆-၃-၂ဝ၁၈

ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော ဧရာဝတီမြစ်၏ အစ မေခ၊ မလိခမြစ်ဆုံသို့ ယခုအခါ လာရောက်လည်ပတ်ကြသူ နေ့စဉ်နှင့်အမျှ များပြားလျက်ရှိကြောင်း သိရသည်။

မေခ၊ မလိခမြစ်ဆုံသည် မြစ်ကြီးနားမြို့မှ ၂၈မိုင်အကွာတွင် တည်ရှိနေပြီး ကွန်ကရစ်လမ်း ကောင်းတစ်ခုဖြစ်ကာ အချိန်တစ်နာရီမျှသာ မောင်းနှင်ရကြောင်း၊ မြစ်ဆုံသည် တန်ဖဲရွာအနီး၌ တည်ရှိနေပြီး ကချင်ရိုးရာစားသောက်ဆိုင်များ၊ ရှမ်း၊ မြန်မာ၊ တရုတ်စားသောက်ဆိုင်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များနှင့် ခရီးသွားဧည့်သည်များ တည်းခိုနားနေရန် တည်းခိုဆောင်များ လည်းရှိကြောင်း သိရသည်။

"အခုနွေရာသီကာလ ရောက်လာလို့ မြစ်ဆုံမှာ ရေနည်းပေမယ့် လာရောက်ကြသူတွေ များပြားပါတယ်။ နွေ၊ မိုး၊ ဆောင်းရာသီသုံးခုမှာ နွေရာသီရောက်ရင် လာကြတဲ့ သူပိုများတယ်။ မြစ်ဆုံကို လာတဲ့သူတွေက မြစ်ဆုံ ပတ်ဝန်းကျင်မှာ လေ့လာလည်ပတ်ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်တာတွေနဲ့ မေခ၊ မလိခ၊ဧရာဝတီ မြစ်ဆုံမြစ်ကို စက်လှေနဲ့ လှည့်လည်ကြည့်ရှု ကြတယ်"ဟု ဒေသခံတစ်ဦးက ပြောပြသည်။

မြစ်ဆုံတွင် စက်လှေစီးခအနေဖြင့် လူ ၁ဝဦးအောက်ဖြစ်လျှင် စက်လှေတစ်စီးလျှင် ငွေကျပ် ၁ဝဝဝဝနှုန်း၊ လူ ၁ဝဦးကျော်ပါက တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် မြစ်အတွင်း၌ စက်လှေငှားရမ်း စီးနိုင်ကြောင်း သိရသည်။

နွေရာသီ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေနေ့တို့တွင် မြစ်ဆုံသို့ လာရောက်ကြသူ နှစ်စဉ်များပြား လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger