www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 16, 2018

ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်ပွဲတော်တွင် လမ်းလျှောက် သင်္ကြန်ပါဝင်မည်



မြစ်ကြီးနား ၁၆-၃-၂ဝ၁၈

မြစ်ကြီးနားမြို့၌ ယခုနှစ်တွင် ပြုလုပ်မည့် သင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန် အပါအဝင် သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ် နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

၂ဝ၁၇ ခုနှစ်က မြစ်ကြီးနားမြို့၌ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများ မဏ္ဍပ်နှင့် တိုင်းရင်းသားများ မဏ္ဍပ်ဟူ၍ သင်္ကြန်မဏ္ဍပ်သုံးခုသာ ဆောက်လုပ်၍ ရေကစားခဲ့ရာ ယခုနှစ်တွင် လမ်းလျှောက် သင်္ကြန်ရေကစား မဏ္ဍပ်အပါအဝင် မဏ္ဍပ်လေးခု ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"လမ်းလျှောက် သင်္ကြန်မဏ္ဍပ်ကိုတော့ လမ်းဘေးမှာလုပ်တာ မဟုတ်ဘဲနဲ့ မင်းရပ် (ကိုယ်ကာယလေ့ကျင့်ရေး ပြည်သူ့အားကစားကွင်း) နဲ့ ဧရာဦးပန်းခြံကို ဆက်စပ်တဲ့နေရာမှာ အချိန်အကန့်အသတ်နဲ့ ပြုလုပ်သွားမှာ"ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းနိုင်က ပြောပြသည်။

ထိုလမ်းလျှောက်သင်္ကြန်ကို ယာဉ်တိုက်မှု အန္တရာယ်များ ကင်းရှင်းစေရန် နေ့ခင်းများတွင် နားနားနေနေ နေနိုင်ကြရန် လမ်းလျှောက်သင်္ကြန်ကို ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြုလုပ်မည့်နေရာတွင် ပုသိမ်ထီးများကို ချိတ်ဆွဲထားမည် ဖြစ်ပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့ထိ နံနက် ၉ နာရီမှ ည ၆ နာရီထိပြုလုပ်သွားမည် ဖြစ်သည်။

ယခုနှစ်တွင် ပြုလုပ်မည့် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်ကို ဇော်ဂျွမ်းလမ်းပေါ်ရှိ ကိုယ်ကာယ လေ့ကျင့်ရေး ပြည်သူ့အားကစား ကွင်းထဲတွင် ဆောက်လုပ်နေပြီး ဗဟိုမဏ္ဍပ်ကို ဆွမ်ပရာဘွမ်လမ်းမ ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးတွင်လည်းကောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများ မဏ္ဍပ်ကို သခင်နက်ဖေလမ်းပေါ်ရှိ ရေးကူးကန်အနီးနှင့် တိုင်းရင်းသားများ မဏ္ဍပ်ကို ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းဘေးတွင် လည်းကောင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger