www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 13, 2018

ဗန်းမောက်မြို့နယ်တွင် လုပ်လက်နက်ကိုင်ဆောင်၌ တရားမဝင် သစ်ထုတ်လုပ်နေသူကို ဖမ်းဆီးရာ ထွက်ပြေးလွတ်မြောက်



ဗန်းမောက် ၁၃-၂-၂ဝ၁၈

ဗန်းမောက်မြို့နယ် ကြောင်လည်ဘိနယ် ပင်ပုံလမ်းဆုံ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်ရှိ နန့်လန်မွန် ချောင်းအနီးတွင် လုပ်လက်နက် ကိုင်ဆောင်၌ တရားမဝင်သစ် ထုတ်လုပ်နေသူကို သွားရောက်ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသောင်းနိုင်နှင့် သစ်တောဝန်ထမ်းကိုးဦး၊ သစ်တောလုံခြုံရေး ငါးဦး၊ ကျေးရွာပြည်သူများသည် ဗန်းမောက်မြို့နယ်မှ ကြောင်လည်ဘိနယ် ပင်ပုံလမ်းဆုံ အရှေ့မြောက် တစ်မိုင်ခွဲခန့်ရှိ နန့်လန်မွန်ချောင်း အနီးတွင် တရားမဝင်သစ်စက် ဆောက်လုပ်၍ ဖြန့်ချိနေကြောင်း သတင်းအရ ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် သွားရောက်စုံစမ်းဖမ်းဆီးရာ ထွက်ပြေး သွားခဲ့ကြသည်။

အဆိုပါသစ်စက်သို့ ဝင်ရောက်ရှာဖွေကြရာ တရားမဝင်သစ် ထုတ်လုပ်နေသူများကို မတွေ့ရဘဲ နားနေတဲအတွင်း၌ ဝူလင်း ၂၂ ကောင်အင်ဂျင် တစ်လုံး၊ ငါးပေလွှဝိုင်းတစ်ချပ်၊ ငါးပေရှပ်တန်း တစ်ခု၊ နှစ်ပေပူလီ တစ်ခု၊ ၄၂ ပေပတ္တားကြိုးတစ်ခု၊ တလိမ့်တုံး တစ်စုံ နှစ်ခု၊ သံထော်လီ နှစ်စုံ လေးခု၊ လုပ်သေနတ်တူးမီး နှစ်လက်၊ ကျွန်းသစ် ရှစ်လုံး ၃ ဒသမ ၉၁၈ဝတန်၊ ကျွန်းခွဲသား ၂၄၉ချောင်း ၃ ဒသမ ၂၃၄၆တန် စုစုပေါင်း ၇ ဒသမ ၁၅၇၆ တန်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ ကျွန်းသစ်များကို ပင်ပုံအုပ်ချုပ်ရေးမှူး ထံယာယီအပ်နှံခဲ့ပြီး MTE ရုံးဝင်းအတွင်း သယ်ဆောင်ကာ ကျန်ရှိဆက်စပ် ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း ကသာခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးသောင်းနိုင်က ပြောပြ၍ သိရသည်။

အလားတူ အဆိုပါနေ့တွင် ကသာမြို့နယ် ရွှေလီမြစ်နှင့် ဧရာဝတီမြစ် ပေါင်းဆုံမြစ်အတွင်း ဝါးများဖုံးအုပ်ထားသော ကျွန်းပကာ ၁၈၉ ချောင်း ၃ ဒသမ ၇၁၄၈တန်ကို တွေ့ရှိဖမ်းဆီးရာ သစ်ပိုင်ရှင်မှာ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း ပိုင်ရှင်အမည်ကို သိရှိခဲ့သဖြင့် ပြန်လည်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ကသာမြို့ နယ် သစ်တောဦးစီးမှူး ဦးတင်ထွဏ်းက ပြောပြ၍သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger