www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 29, 2018

နိုင်ငံတစ်ဝန်း အလိုအလျောက် မိုးလေဝသ တိုင်းတာရေးစက် ၅၆ လုံး တပ်ဆင်ပြီး၍ လိုအပ်သောနေရာများ၌ ဆက်လက်တပ်ဆင်မည်



နေပြည်တော် ၂၉-၁-၂ဝ၁၈

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခေတ်မီ အလိုအလျောက် မိုးလေဝသ တိုင်းတာရေး စက်ပေါင်း ၅၆ လုံးတပ်ဆင် ပြီးစီးနေပြီး လိုအပ်သောနေရာများ၌ ဆက်လက်တပ်ဆင်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးထံမှ သိရသည်။

အဆိုပါတိုင်းတာရေး စက်များကို တစ်မြို့နယ်၌ မည်မျှတပ်ဆင်မည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ အနည်းဆုံး တစ်မြို့နယ်၌တစ်လုံး တပ်ဆင်ပေးမည် ဖြစ်ကြောင်း၊ ယင်းစက်များကို နေပြည်တော်၊ ကလေးဝ၊ မြင်းမူ၊ ရွှေဘို၊ ကျောက်ဆည်၊ ကသာ၊ ပခုက္ကူ၊ ပင်လောင်း၊ ညောင်ဦး၊ ခရမ်း၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ရမည်းသင်း၊ တောင်တွင်းကြီး၊ မိတ္ထီလာ၊ မင်းဘူး၊ တံတားဦးနှင့် စစ်ကိုင်းစသည့်မြို့တို့၌ တပ်ဆင် ပေးထားကြောင်း သိရသည်။

ယင်းအတွက် တောင်ကိုရီးယားနိုင်ငံ NOAA SNC Co., Ltd. မှ ပညာရှင်များ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာများ ပူးပေါင်းပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက စတင်တပ်ဆင် ပေးနေခြင်း ဖြစ်သည်။

ခေတ်မီအလိုအလျောက် မိုးလေဝသ တိုင်းတာရေးစက်များသည် မိုးလေဝသ ဖြစ်စဉ်များတွင် ထူးခြားဖြစ်စဉ်များကိုလည်း အများပြည်သူသိရှိနိုင်ရန် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိစေမည်ဖြစ်ပြီး ခရီးသွား လုပ်ငန်းများအတွက် အထောက်အကူပေးနိုင်မည် ဖြစ်သည်။

လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့၌ ထပ်မံတပ်ဆင်မှုများ ဆက်လက် ပြုလုပ်နေပြီး မည်သည့်အချိန်တွင် တပ်ဆင်မှု လုပ်ငန်းများ ပြီးစီးနိုင်မည်ကို အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger