www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 4, 2017

စားသောက်ကုန် ရောင်းချသည့် ဆိုင်များ စင်ကာပူဈေးများ ကဲ့သို့ အဆင့်သတ်မှတ်ချက် များဖြင့် လုပ်ဆောင်ရန်စီစဉ်ထား



မန္တလေး ၄-၈-၂၀၁၇

မန္တလေးမြို့ရှိ ဈေးများအတွင်း စားသောက်ကုန်များ ရောင်းချနေသည့် ဆိုင်များကို စင်ကာပူဈေးများ ကဲ့သို့ အဆင့်သတ်မှတ်ချက် များဖြင့် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင် ဦးကျော်ရင်မြင့်ထံမှ သိရသည်။

မန္တလေးမြို့ရှိ ဈေးကြီး အများအပြား ရှိသည့်အနက် စားသောက်ကုန် လုပ်ငန်းများ ရောင်းချနေသည့် ဈေးချိုတော်ကြီး အတွင်းခွင့်မပြု ဓာတုဆိုးဆေးများ ပါဝင်မှု မရှိစေရေး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ဈေးနှင့် သားသတ်ဌာနနှင့် FDA တို့ ပူးပေါင်းကာ ဈေးကွက်နမူနာ ကောက်ယူပြီး စစ်ဆေးသော်လည်း ယခုလက်ရှိ အနေအထားအရ မန္တလေးမြို့ကြီးရှိ ဈေးချိုတော်ကြီးနှင့် အခြားဈေးများ ရှိမျှစ်များကို ငါးကြိမ်တိတိစစ်ဆေး အရေးယူခဲ့ရာ ဈေးကွက်အတွင်း ပပျောက်မှုမရှိသေး သောကြောင့် အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့အရေးယူမှု အပိုင်းများအပြင် မန္တလေးမြို့ရှိ ဈေးကြီးများအတွင်း မျှစ်၊ ငါးပိ၊ ငရုတ်သီးမှုန့် စသည့်စားသောက်ကုန် လုပ်ငန်းရောင်းချနေသည့် ဆိုင်များကို စင်ကာပူနိုင်ငံရှိ ဈေးကြီးများကဲ့သို့ ဈေးများအတွင်း မကြာခဏကွင်းဆင်း စစ်ဆေးပြီး ခွင့်မပြုဓာတု ဆိုးဆေးများ ပါဝင်မှုရှိ၊မရှိ၊ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ဟုတ်၊မဟုတ်၊ ဝန်ဆောင်မှု အပိုင်းများအပြင် အခြားကျန်ရှိသည့် အပိုင်းများကိုပါ စစ်ဆေးကာ အဆင့်သတ်မှတ်ချက် အနေဖြင့် အေ၊ဘီ၊စီ ဟူ၍ခွဲခြားကာ ခွင့်မပြု ဓာတုဆိုးဆေးမတွေ့ရှိပါက စားသုံးရန် သင့်ကြောင်း ဗီနိုင်းများကပ်ကာ အဆင့်သတ်မှတ်ချက် များဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုလက်တလော အနေအထားအရ ဈေးချိုတော်ကြီးနှင့် အခြားဈေးများတွင် ဆိုးဆေးပါဝင်သည့် မျှစ်များ တွေ့ရှိခဲ့သည့် အတွက်ရောင်းချသည့် ဆိုင်များကို ယနေ့တွင် ဆိုးဆေးနှင့်ပတ်သက်၍ ဈေးနှင့်သားသတ်ဌာနတွင် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ မန္တလေးမြို့ ဈေးချိုတော်ရှိ မျှစ်ကုန်သည် တစ်ဦးမှ အခြားနိုင်ငံများတွင် ထုတ်လုပ်နေသည့် နည်းပညာများ အတိုင်း ထုတ်လုပ်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုအပြင် အခြားပစ္စည်း အများအပြား လိုအပ်မည် ဖြစ်ကြောင်း၊ ၎င်းတို့ ထုတ်လုပ်နေသည့် မျှစ်များမှာ ဆိုးဆေးပါဝင်မှုရှိ၊မရှိ စစ်ဆေးမည် ဆိုလျှင်လည်း ပွဲရုံများသို့ လာရောက်စစ်ဆေး ပေးရန် FDA ထံသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger