www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 30, 2017

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ဉ်များနှင့်ပတ်သက်၍ နေပြည်တော်၊ ဘုရင့်နောင် ရိပ်သာ၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်


ရခိုင်ပြည်နယ်မြောက်ခြမ်း၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်သန်းထွတ်သိန်း သတင်းမီဒီယာသမားများကို ရှင်းလင်းပြောကြားစဉ်။

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်သတင်းစာရှင်းလင်း ပွဲတွင်ဘင်္ဂလားဒေ့ရ် နိုင်ငံစစ်သံမှူး Brig. General Rashedul Mannan ဆွေးနွေးမေးမြန်းစဉ်။

နေပြည်တော် ၃၀-၈-၂၀၁၇

၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ခြမ်း၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ဉ်များ နှင့်ပတ်သက်၍ တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သန်းထွဋ်သိန်း၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာ ဂျာနယ်လစ်ကွန်ရက် တို့မှအဖွဲ့ဝင်များ၊ ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဗိုလ်ချုပ် အောင်ရဲဝင်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ၏ နောက်ခံသမိုင်းနှင့်ပတ်သက်၍ ဗြိတိသျှကိုလိုနီ ခေတ်တွင် ဘင်္ဂါလားနယ်နှင့် စစ်တကောင်းနယ်များမှ ဘင်္ဂါလီများစတင်ဝင်ရောက်လာခြင်း၊ ဘင်္ဂါလီများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများအကြား ပဋိပက္ခဖြစ်ပွားမှု၊ ၂၀၁၂ ခုနှစ်၊ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခ ဖြစ်ပွားမှု၊ ၂၀၁၆ ခုနှစ်၊ ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ဖြေရှင်းဆောင်ရွက် ခဲ့မှုအခြေအနေများ၊ ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ မှ ၂၀၁၇ သြဂုတ်လ ယခုဖြစ်စဉ် ဖြစ်ပွားသည့်အချိန်ကြားကာလအတွင်းဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ငန်းများအား ဦးတည်လုပ်ဆောင်လာမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

၎င်းနောက် ဗိုလ်ချုပ် စိုးနိုင်ဦးက ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှစ၍ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဖြစ်စဉ်များ၊ လက်ရှိအချိန်အထိ နေ့အလိုက်ဖြစ်စဉ်များ၊ အစွန်းရောက်ဘင်္ဂါလီများ၏ အင်အားသုံး၍ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ခုခံကာကွယ်နိုင်စွမ်းမရှိ၍ တပ်မတော်က ပူးပေါင်းကာကွယ်လုပ် ဆောင်နေသည့်အခြေအနေများအားလည်းကောင်း၊ ဗိုလ်ချုပ် သန်းထွဋ်သိန်းက အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် သုံးသပ် လုပ်ဆောင်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သြစတေးလျနိုင်ငံ စစ်သံမှူး Col. Paul Andrew Bruce က Search and Raid Operation လုပ်ဆောင်ရာတွင် မည်သည့် အင်အားအချိုးအစားဖြင့် လုပ်ဆောင်သည်ကို သိရှိလိုကြောင်း၊ ဘင်္ဂါလားဒေ့ရှ်နိုင်ငံစစ်သံမှူး Brig. General Rashedul Mannan က အကြမ်းဖက်ကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ အမေရိကန်နိုင်ငံစစ်သံမှူး Col. Craig J. Tippins က Search and Raid ပြုလုပ်ရာတွင် တစ်ချို့ရွာသား များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများဘက်သို့ ကူးပြောင်းရောက်ရှိနိုင်မှုကို သတိထားရန် လိုအပ်ကြောင်း ဆွေးနွေးမေးမြန်းကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် ဦးတင်မောင်အေးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးခေါ်ယူခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ Bullet ဂျာနယ်မှ ဦးလှဆွေက ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ပတ်သက်၍လည်းကောင်း၊ News Watch ဂျာနယ်မှ ဦးမောင်မောင်ထွန်း ကအကြမ်းဖက် ဖြစ်စဉ်တွင် NGO ၊ INGO အဖွဲ့အစည်းများ ပါဝင်ပတ်သက်မှုများအား မေးမြန်းကြရာတာဝန်ရှိသူများက ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger