www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 2, 2017

ရခိုင်ပြည်နယ်တွင် ၁ဝဝ ဂရမ်အထက် ကဏန်းများ ဖမ်းမိမှုနည်းလာ



စစ်တွေ ၂-၈-၂၀၁၇

ရခိုင်ပြည်နယ်တွင် ကဏန်း အလွန်အကျွံ ဖမ်းဆီးခြင်းများကြောင့် ၁ဝဝ ဂရမ်အထက် ကဏန်းများ ဖမ်းဆီးရမိမှု လျော့နည်းသွားကြောင်း ပြည်နယ်အတွင်း ရှိကဏန်း အဝယ်ဒိုင်များမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကဏန်းများကို မြစ်၊ချောင်းများတွင် ဒေသခံများက ရှာဖွေဖမ်းဆီးလေ့ရှိပြီး ကဏန်းများနေထိုင်ရာ ဒီရေရောက်ဓနိတောများ ပြုန်းတီးလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် နှစ်ရှည်လများ ကဏန်းအလွန် အကျွံဖမ်းဆီးခြင်းတို့ကြောင့် ၁ဝဝ ဂရမ်အထက်ကဏန်း အကောင်ကြီးများ ဖမ်းဆီးရမိမှုလျော့နည်း ကျဆင်းနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ပင်လယ်ဆားငန်ရေ ဝင်ရောက်လာသော မြို့နယ်များရှိ ရွှံ့နွံထူထပ်သောမြစ်၊ ချောင်းများတွင် ကဏန်းများကိုရှာဖွေ ဖမ်းဆီးလေ့ရှိပြီး ဈေးကွက်မဝင်သည့် ကဏန်းငယ်များကို ရေလုပ်ငန်းရှင် များက တစ်ကောင်လျှင် ငွေကျပ် ၅ဝ၊ ငွေကျပ်၁ဝဝ ပေးကာ ဝယ်ယူနေကြပြီး ၎င်းတို့ကို ပုစွန်ကန်များတွင် ထည့်သွင်းမွေးမြူ ကြကြောင်း သိရသည်။

''၁ဝဝ ဂရမ်အောက်ကို မဖမ်းပါနဲ့လို့ ကျွန်တော်တို့ တားမြစ်ထားပေမယ့် ဖမ်းနေကြတုန်းပါပဲ။ ကဏန်းဖမ်းသမားတွေက ကဏန်းပေါက်လေးတွေနဲ့ ဥပြည့်ကဏန်းတွေကို အလွန်အကျွံ ဖမ်းဆီးကြတယ်။ ဥပြည့်ကဏန်းတွေကို ပြန်လွှတ်ပေးဖို့ ၁ဝဝ ဂရမ်အောက် ကိုမဖမ်းကြပါနဲ့ ဖမ်းမိရင်လဲ ပြန်လွှတ်ပေးကြဖို့၊ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ ကဏန်းဖမ်းသမားတွေက ၃ဝ၊ ၄ဝ ဂရမ်တွေလဲ ဖမ်းကြတာပါပဲ'' ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ညွှန့်ဝေက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် ကဏန်းများမှာ အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ ၁ဝဝဂရမ် အထက် ကဏန်းတစ်ကောင်လျှင် ငွေကျပ်၅ဝဝ မှ ၁၅ဝဝထိ ဈေးပေါက်နေပြီး ၎င်းကဏန်းများကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်း ချကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger