www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 4, 2017

စိုက်ပျိုးရာသီအတွင်း ရာသီဥတု မမှန်သော်လည်း မကွေးမြို့အနီးရှိ ကျေးရွာများ နှမ်းအထွက်နှုန်း လျော့ကျခြင်းမရှိ



မကွေး ၄-၈-၂၀၁၇

မိုးဦးကျ နှမ်းစိုက်ပျိုးမှုများ ဆောင်ရွက်ပြီး နောက်ပိုင်း ၄၅ရက် ခန့်မိုးနှင့် ဝေးကွာခဲ့သည့်အပြင် မိုးများပြန်လည် ရွာသွန်းသည့် အခါတွင်လည်း အဆက်မပြတ် ရွာသွန်းမှုများ ကြုံတွေ့ခဲ့ရခြင်းကြောင့် မကွေးမြို့အနီးရှိ ကျေးရွာများမှ တောင်သူများသည် သီးနှံပျက်စီးမှုနှင့် အထွက်နှုန်း ကျဆင်းမည်ကို စိုးရိမ်မှုများ ရှိခဲ့သော်လည်း သီးနှံပေါ်ချိန်၌ နှမ်းအထွက်နှုန်း လျော့နည်းခဲ့ခြင်း မရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

စိုက်ပျိုးပြီး နောက်တစ်လခွဲခန့် မိုးပြတ်သွားခြင်းဖြစ်၍ မြေသြဇာ ကျွေးရမည့် အချိန်နှင့် ထွန်မောင်းရမည့် အချိန်များ လွဲချော်မှုများရှိခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် ပုံမှန်မဟုတ်သည့် မုန်တိုင်းမိုးရွာ ခြင်းများ ကြုံတွေ့ခဲ့ရ သော်လည်း မကွေးမြို့အနီး ဆားတိုင်ကန်၊မကြီးကန်၊ စမ်းကန်ကျေးရွာတို့တွင် နှမ်းတစ်ဧကလျှင် ၁ဝ တင်းမှ ၁၅ တင်း ခန့်ထိရရှိသဖြင့် မိုးလေဝသ အခြေအနေမကောင်း ခဲ့သော်လည်းယခင် နှစ်ကစံချိန်မီသည်ဟု ဆိုနိုင်ကြောင်းဒေသခံဦးမျိုးညွန့်က ပြောပြသည်။

မကွေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ စိုက်ပျိုးရာသီချိန်တွင် မိုးနှမ်းစိုက်ဧက ၁၁၉၅၄၅၇ ဧက စိုက်ပျိုးခဲ့ပြီး မိုးဦးကျစိုက်ပျိုး ထားသည့် နှမ်းခင်းများ သိမ်းယူချိန်တွင် တစ်မြို့နယ်နှင့် တစ်မြို့နယ် ထွက်နှုန်းများ မတူနိုင် သော်လည်း ယခုနှစ်မိုးနှမ်း ထွက်နှုန်း လျော့ကျခြင်း မရှိကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger