www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 4, 2017

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူများ ဒဏ်ရာရရှိ


မိုင်းစထိမှန်ဒဏ်ရာရရှိသူအား နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ငွေပေးအပ်စဉ်။

မိုင်းစထိမှန်ဒဏ်ရာရရှိသူအား တပ်မတော်စစ်ကြောင်းက ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၄-၇-၂၀၁၇

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်၊ ပင်းတော်ကျေးရွာနေ ဦးထွန်းကျော်သည် မံကင်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ ၎င်း၏ပြောင်းခင်းများအတွင်း တောဝက်များ ၀င်ရောက်ဖျက်ဆီးလျက် ရှိသောကြောင့် ဇူလိုင် ၁ ရက် ည ၁၀ နာရီခွဲခန့်တွင် အဆိုပါပြောင်းခင်းများအတွင်း စောင့်ဆိုင်းလျက်ရှိစဉ် KIA အကြမ်းဖက်သောင်းကျန်း သူများထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား ဆင်ဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ စေလျက်ရှိရာ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းတွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အလားတူ တနိုင်းမြို့နယ်၊ နောင်းမှီကျေးရွာ၌ လယ်ယာလုပ်ငန်း လုပ်ကိုင်ပြီး ထော်လာဂျီဖြင့် ပြန်လည်ထွက်ခွာလာသည့် မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာနေ ကိုမင်းအောင်သည် ဇူလိုင် ၂ ရက် နံနက် ၁၀ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ ဒွန်ဘုံးခကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာသို့ အရောက် KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ရာ တပ်မတော် စစ်ကြောင်းမှ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger