www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 26, 2017

ညောင်လေးပင်မြို့နယ်တွင် ရေကြီးရေလျှံသဖြင့် လယ်ဧက ၁၉ဝဝဝ ကျော် ရေနစ်မြုပ်ပြီး အခြေခံပညာကျောင်း ၁ဝ ကျောင်း ယာယီပိတ်ထားရ



ညောင်လေးပင် ၂၆-၇-၂၀၁၇

ညောင်လေးပင် မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံသဖြင့် လယ်ဧက ၁၉ဝဝဝ ကျော် ရေနစ်မြုပ်ပြီး အခြေခံပညာကျောင်း ၁ဝ ကျောင်းကို ဇူလိုင် ၂၄ရက်က ယာယီပိတ်ထားရကြောင်း ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးများခြင်း၊ စစ်တောင်းမြစ်ရေ စိုးရိမ်ရေ မှတ်အထက် ကျော်လွန်လာခြင်း၊ မြို့နယ်အတွင်း ချောင်းရေများ ပြည့်လျှံခြင်းတို့ကြောင့် ညောင်လေးပင်၊မဒေါက်နှင့် ပိန်းဇလုပ်မြို့တို့ရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ညောင်လေးပင် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၇ အုပ်စုရှိ ကွင်း ၉၂ကွင်းမှ တောင်သူဦးရေ ၂၆၅ဝ စိုက်ပျိုးထားသော မိုးစပါး သီးနှံဧက ၁၉ဝ၅၁ ဧက ရေနစ်မြုပ်မှုများဖြစ်ပေါ်နေကြောင်း၊ ထို့ပြင် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းမှ အတန်းအချို့နှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) သုံးကျောင်း၊ အခြေခံပညာ မူလတန်း(လွန်)ကျောင်း လေးကျောင်း၊ အခြေခံပညာ မူလတန်း ကျောင်းနှစ်ကျောင်းတို့ကို ယာယီပိတ်ထားရကြောင်း သိရသည်။

အဆိုပါရေကြီးရေလျှံဖြစ် ပေါ်သောရပ်ကွက် များသို့မြို့ပေါ်ရှိ ပရဟိတအဖွဲ့များနှင့် အလှူရှင်များက ကူညီပံ့ပိုးလှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger