www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 17, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်း ကူညီလျက်ရှိ


ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိုတွေ့ရစဉ်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ နေရပ်များသို့ စနစ်တကျရောက်ရှိရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၇-၇-၂၀၁၇

ဇွန်လ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃၂၃၁၃ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၄၅၆ဝ ဦး၊ စုစုပေါင်း ၃၆၈၇၃ ဦးဝင်ရောက်ခဲ့ သည့်အနက် ၃၂၂၂၁ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၄၆၅၂ ဦးအား နယ်မြေခံ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ် များစီစဉ် ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေး လျက်ရှိရာ ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၁၅၂ ဦးရှိသည့် အနက် ၁၁၄ ဦးမှာ ၎င်းတို့ အစီအစဉ်ဖြင့် နေရပ် ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၃၈ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ် တစ်စီး၊ မြဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် တစ်စီးတို့ဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မြဝတီမြို့မှ သထုံမြို့သို့ ပို့ဆောင်ပေးခဲ့သည့် ရွှေ့ပြောင်း အလုပ်သမား ၂၉ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင် ပေးသည်။

အလားတူ ရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger