www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 4, 2017

ပဲဈေးကွက်အတွင်း မြေပဲဆန်ကို ထိုင်းနိုင်ငံက ဝယ်ယူမှုမြင့်မားလာ



မန္တလေး ၄-၇-၂၀၁၇

ဇူလိုင်လ ပထမပတ်မှစ၍ ပဲ၊နှမ်းဈေးကွက်မှာ ဈေးနှုန်းပြောင်းလဲမှု နည်းပါးပြီး လတ်တလော ထိုင်းနိုင်ငံက မြေပဲဆန်ဝယ်ယူမှုများ သဖြင့် မြေပဲဆန်ဈေး အနည်းငယ် တက်လာကြောင်း သိရသည်။

မြေပဲဆန်ကို တရုတ်နိုင်ငံမှ ပုံမှန်ဝယ်ယူမှုရှိကာ ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၏ ဝယ်ယူမှု ရုတ်တရက် မြင့်မားလာခြင်း ဖြစ်ကြောင်း မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင်းမှ သိရသည်။

နိုင်ငံခြားဝယ်လက်ရှိသော ပဲမျိုးများ မကြာခဏအရောင်းအဝယ် ဖြစ်သော်လည်း လတ်တလောတွင် အခြားပဲသီးနှံများ ဈေးနှုန်းများ ကျဆင်းနေကြောင်း၊ ပြည်တွင်း အရောင်းအဝယ်မှာ ပုံမှန်သာရှိကြောင်း သိရသည်။

ပဲ၊ နှမ်းဈေးကွက်တွင် တရုတ်နိုင်ငံမှ မြန်မာကုန်သည်များ၏ တရုတ်ဘဏ်အကောင့်များ ထိန်းချုပ်လိုက်ခြင်းကြောင့် လတ်တလော အရောင်းအဝယ်များ နှေးသွားပြီး ဈေးနှုန်းများလည်း ပုံမှန်သာရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အရောင်း အဝယ်အတွက် စောင့်ကြည့်ဆဲဖြစ်ကာ မကြာမီပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မန္တလေး ပဲ၊နှမ်းဈေးကွက်တွင် ယနေ့ဖြစ်ပေါ်နေသော ပေါက်ဈေးများသည် ကုလားပဲ V2 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၂ဝဝဝ ခန့်၊ ထိုင်ဝမ် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁ဝ၈ဝဝဝ၊ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၅၉ဝဝဝမှ ၆၅ဝဝဝ ခန့်၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၅ဝဝဝမှ ၉၅ဝဝဝ ခန့်၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၉၅ဝဝဝမှ ၁ဝ၈ဝဝဝ၊ နှမ်းနက် သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၁၁ဝဝဝဝမှ ၁၂၅ဝဝဝ၊ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၅ဝဝဝမှ ၁၂ဝဝဝဝခန့် ဖြင့်ပေါက်ဈေးများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ မြေပဲဆန်အဖြူ တစ်ပိဿာလျှင် ငွေကျပ် ၂၄ဝဝခန့်၊ မြေပဲဆန် အနီမှာ တစ်ပိဿာလျှင် ငွေကျပ် ၂၃၅ဝခန့် ဈေး ပေါက်လျက်ရှိကြောင်း မန္တလေး ပဲ၊နှမ်း ဈေးကွက်အတွင်းမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger