www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 4, 2017

ယခုဘဏ္ဍာနှစ်တွင် ရတနာပုံသင်္ဘောကျင်းမှ နိုင်ငံပိုင်ရေယာဉ် ၁၁စီးကို အကြီးစားပြုပြင်ရန်လျာထားပြီး လက်ရှိအချိန်ထိ သုံးစီးပြုပြင်ပြီးစီး



မန္တလေး ၄-၇-၂၀၁၇

ယခုဘဏ္ဍာနှစ်တွင် ရတနာပုံ သင်္ဘောကျင်းမှ ဧရာဝတီမြစ်အတွင်း သွားလာနေသည့် နိုင်ငံပိုင်ရေယာဉ် ၁၁စီးကို အကြီးစား ပြုပြင်ရန်လျာထားပြီး လက်ရှိအချိန်ထိ သုံးစီးပြုပြင် ပြီးစီးပြီဖြစ်ကြောင်း ရတနာပုံသင်္ဘောကျင်းမှဒုတိယ အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဦးတင်စိုးက ပြောပြ၍ သိရသည်။

ရတနာပုံသင်္ဘောကျင်းမှ နိုင်ငံပိုင် ရေယာဉ်များ အကြီးစား ပြုပြင်ခြင်းကို ဧရာဝတီမြစ်ရေ စတက်သည့် ဇွန်လပထမပတ်မှ စတင်ပြုပြင်ခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပိုင်ရေယာဉ် သုံးစီးပြုပြင်ခဲ့ပြီး နှစ်စီးကို ပြုပြင်ရန် ဆောင်ရွက်နေကြောင်း၊ ကျန်ရေယာဉ်များကို ယခုနှစ် အောက်တိုဘာလအတွင်း အပြီးပြုပြင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

''ရေယာဉ်တွေကို လွန်းတင်ပြင်တဲ့အခါမှာ ဝမ်းဗိုက်ပိုင်းတွေကို အဓိကဦးစားပေး ပြင်ဆင်ပါတယ်။

နောက် လိုအပ်တာတွေ ကတော့ရေချပြီးမှပဲ အသေးစိတ် ပြုပြင်တာပါ''ဟု ရတနာပုံ သင်္ဘောကျင်းမှ ဒုတိယအင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဦးတင်စိုးက ပြောပြသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ရတနာပုံသင်္ဘောကျင်းမှ နိုင်ငံပိုင်ရေယာဉ် လေးစီး အကြီးစားပြုပြင်ခဲ့ပြီး ပုဂ္ဂလိကရေယာဉ် ၃၆ စီးပြုပြင်ခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင်ရေယာဉ် အကြီးစား ပြုပြင်ရာတွင် လူစီးရေယာဉ်ကို နှစ်နှစ်လျှင်တစ်ကြိမ် နှင့်တွဲရေယာဉ်များကို ငါးနှစ်လျှင် နှစ်ကြိမ်ပြုပြင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

ရတနာပုံသင်္ဘောကျင်းမှ ရေယာဉ်အသစ် တည်ဆောက်ခြင်းနှင့် ရေယာဉ်ပြုပြင်ခြင်း များအတွက် အဓိကလိုအပ်သော သံထည်များကို တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းအသုံးပြု နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger