www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 21, 2017

စစ်မှုထမ်းဘ၀က တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများ အနေဖြင့် တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးရှိအောင် ၀ိုင်းဝန်းလုပ်ဆောင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စိုက်ပျိုး/မွေးမြူရေး အမှတ်(၁)ရပ်ကွက် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်းလှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်းမိသားစုဝင်များကို ရင်းနှီးစွာတွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၂၁-၇-၂၀၁၇

လွပ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သည့် အချိန်မှ ယနေ့တိုင်အောင် တပ်မတော်သည် တိုင်းပြည်နှင့်ပြည်သူ အတွက်ပေးဆပ် လုပ်ဆောင်ခဲ့သည့် သမိုင်းရှိကြောင်း၊ ယင်းသမိုင်းအစဉ် အလာကိုထိန်းသိမ်း၍ နိုင်ငံကအားထား ရသည့်၊ ပြည်သူက အားကိုးရသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ စစ်မှုထမ်းဘ၀က တိုင်းပြည်အတွက် ပေးဆပ်တာဝန် ထမ်းဆောင်ခဲ့ကြသော အစဉ်အလာရှိသည့် စစ်မှုထမ်းဟောင်း များအနေဖြင့်လည်း တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးရှိအောင်ဝိုင်းဝန်း လုပ်ဆောင် စေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စိုက်ပျိုး/မွေးမြူရေး အမှတ် (၁) ရပ်ကွက်စစ်မှု ထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်ထည့်သွင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အားအထပ်မြင့် စစ်မှုထမ်းဟောင်းအိမ်ယာ များဆောက်လုပ်ရန် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာရှင်းလင်းဆောင်တွင် တိုင်းမှူးက မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) နှင့် စိုက်ပျိုး/မွေးမြူရေး အမှတ် (၁) ရပ်ကွက်စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တို့၏ သမိုင်းကြောင်း၊ အိမ်နေရာချထားမှုနှင့် လူနေထိုင်မှု အခြေအနေများအား လည်းကောင်း၊ စစ်ထောက်ချုပ်က အထပ်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ရန်လျာထားမှု၊ လျှပ်စစ်မီးနှင့် ရေရရှိရေးအတွက် စီမံဆောင်ရွက်ထားရှိမှု Automatic Poultry Farming System ဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုနှစ်မိုးရာသီတွင် ခြံစည်းရိုးပင်များ စနစ်တကျစိုက်ပျိုးရန်၊ အိမ်ရာများ ပတ်ဝန်းကျင်တွင်မြေနေရော အလဟဿ မဖြစ်စေရေးအတွက် Green Zone နှင့် မွေးမြူရေး လုပ်ငန်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် အညီလုပ်ဆောင်ရန်၊ စိုက်ပျိုးမွေးမြူရေး သာမက အခြားကုန်ထုတ် လုပ်ငန်းများ၊ အိမ်တွင်းမှု လုပ်ငန်းများကိုပါ အလုပ်အကိုင် အခွင့်အလမ်း အတွက်ဖန်တီး ပေးရန်၊ ယင်းလုပ်ငန်းများမှ ထွက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရန်ကုန်နေ လူထုကိုပါရောင်းချ ပေးနိုင်သည်အထိ စဉ်းစားဆောင်ရွက်ရန်၊ ရေအာမခံချက်ရရှိရေး၊ လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး တို့ကိုပါ စီမံဆောင်ရွက်ရန် ဈေး၊ကျောင်း၊ ဆေးရုံနှင့်ပန်းခြံ ကဲ့သို့သောအပန်းဖြေ နေရာများကိုပါ ရေရှည်အတွက် စဉ်းစားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အထပ်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတည်ဆောက်မည့် မြေနေရာအားကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စိုက်ပျိုး/မွေးမြူရေး အမှတ် (၁) ရပ်ကွက် စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) ရှိစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယခုနေရာသည် ယခင်တပ်မတော် အစိုးရလက်ထက်မှ စတင်၍ စစ်မှုထမ်းဟောင်းများ အတွက်ပြန်လည် နေရာချထားပေးရန် ဆောင်ရွက်ခဲ့သော နေရာဖြစ်ကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့်ဖွံ့ဖြိုးတိုးတက် မှုအရှိန်မရခဲ့ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် စစ်မှုထမ်းဟောင်းများအတွက် ထည့်သွင်းစဉ်းစား ခဲ့သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလဖြစ်၍ တပ်မတော်အနေဖြင့် နိုင်ငံရေးအရတည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများ ရရှိအောင် ဦးစားပေး လုပ်ဆောင်နေရခြင်းကြောင့် ကြိုတင်ပြင်ဆင်မှု များပြုလုပ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းများကို စတင်နိုင်ခဲ့ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်ပြီး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသည့် စစ်မှုထမ်းများအပါအ၀င် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူများ၊ တပ်မတော်အတွင်း စစ်မှုထမ်းသက်ပြည့်အောင် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစား ရယူခဲ့သူများ စသည်ဖြင့် စစ်မှုထမ်းဟောင်းများစွာ အတွက်ပြန်လည် နေရာချထားရေးကို စဉ်းစား လုပ်ဆောင်ခဲ့ကြောင်း၊ အဓိကအားဖြင့် နေရေးအတွက်ဖြစ်ပြီး စစ်မှုထမ်းဟောင်းအိမ်ရာ ပတ်ဝန်းကျင်တွင် ဘ၀ရပ်တည်ပိုင်ခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ကျန်းမာရေး၊ ပညာရေးစသည်ဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားလုပ်ဆောင်နေကြောင်း၊ လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ မကွေးစသည့်မြို့ကြီးများ တွင်စစ်မှုထမ်းဟောင်း အိမ်ယာများ ဆောက်လုပ်ပြီးနေရာ ချထားပေးနိုင်ခဲ့ကြောင်း၊ ထို့အတူတောင်ငူ၊ ပြင်ဦးလွင်၊လားရှိုး၊ မြစ်ကြီးနား၊ပုသိမ်၊ မြိတ်၊ခိုလမ်၊ ဟိုပုံး၊ကျိုက်ထို၊ မုံရွာ၊ကျောက်ဖြူ၊ ဘူးသီးတောင်၊အမ်း၊ ဖာပွန်၊ထားဝယ် စသည့် မြို့များတွင် လည်း စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုလေးထောင့်ကန် စစ်မှုထမ်းဟောင်း အိမ်ရာတွင်လည်း အထပ်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာများ ဆောက် လုပ်သွားမည် ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းများအပြင် စည်းကမ်းနှင့် အညီအထည်ချုပ်လုပ်ငန်းနှင့် အခြားအိမ်တွင်းမှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်မည့် စံပြနေရာအဖြစ် လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ရည်ရွယ်ချက်မှာ စစ်မှုထမ်းဟောင်း များအတွက် ၀င်ငွေရရှိသည့်အပြင် ယင်းကုန်ထုတ်လုပ်ငန်းများသည် ရန်ကုန်မြို့နေပြည်သူများ၏ သက်သာ ချောင်ချိမှုအတွက် အထောက်အကူပြု နိုင်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် စစ်မှုထမ်းဟောင်း အိမ်ရာတွင် နေထိုင်သူ စစ်မှုထမ်းများ အနေဖြင့် အိုးပိုင်အိမ်ပိုင်အဖြစ် ပိုင်ဆိုင်ခွင့်ရရှိပြီး ပြန်လည်ရောင်းချခွင့် မပြုသော်လည်း အမွေခံများ ပါဆက်လက်နေထိုင်ခွင့် ရရှိအောင် စီမံဆောင်ရွက် ပေးခြင်းဖြစ်၍ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် အညီအမှန်တကယ် နေထိုင်ကြရန် လိုကြောင်း၊ တစ်ခဏ စစ်သားဖြစ်ဖူးပါက ထာဝရစစ်သားဖြစ်သည် ဟုခံယူ၍ တပ်မတော်၏ ပုံစံအတိုင်း စည်းလုံးညီညွတ်စွာ နေထိုင် ကြရန်လိုကြောင်း၊ တစ်ဦးနှင့် တစ်ဦး အသက်အရွယ်အရ၊ ရာထူးတာဝန် ထမ်းဆောင်မှုအရ လက်ရှိတာဝန် ပေးအပ်မှုအရ အပြန်အလှန် လေးစားမှုရှိရန်၊ အထင်အမြင်လွဲမှားမှုများ မရှိစေရန် ညှိနှိုင်းတိုင်ပင် လုပ်ဆောင် ကြရန်လိုကြောင်း၊ မိမိတို့ပတ်ဝန်းကျင် နယ်မြေဒေသအတွင်း ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင် ကြစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းကူညီလုပ်ဆောင် သွားစေလိုကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လျှပ်စစ်သုံးဘီးလှည်းနှင့် ပြင်ဆင်စရိတ်များအား ပေးအပ်သည်။ ယင်းနောက် စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်တို့က ပုဆိုးများနှင့် စားသောက်ဖွယ်ရာများအား အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက် လာကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ၎င်းနောက် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်းများ နှင့် မိသားစုဝင်များအား ရင်းနှီးစွာတွေ့ဆုံ အားပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger