တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး မူးယစ်ဆေးဝါး ပညာပေးပြခန်းအား
လှည့်လည်ကြည့်ရှုစဉ်။
နေပြည်တော် ၂၇-၆-၂၀၁၇
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ထံမှပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ ဆောင်းပါး၊ပန်းချီ၊ ကာတွန်း၊ပိုစတာ၊ ကွန်ပျူတာပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ တို့တွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါး ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment