www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 8, 2017

ကျောက်စိမ်းတုံးများ တရားမဝင်သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိ



ဖမ်းဆီးရမိသူများ၊ ယာဉ်များနှင့် တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများကိုတွေ့ရစဉ်။

နေပြည်တော် ၈-၆-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာရှိ ရေပူစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ကိုငွေဖြိုးအောင် (ဘ)ဦးငွေမောင် မောင်းနှင်လာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အမှတ်၊4F/---နှင့် ကိုစိုးနောင် (ဘ) ဦးစံညွန့် မောင်းနှင်လာသည့် MARK X အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 4H/--- တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးဆိုဒ်စုံ ၃၁၁ တုံး (၂၃ဝဝ ကီလိုဂရမ်ခန့်) ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ယာဉ်များနှင့် ကျောက်စိမ်းတုံးများအား သိန်းနီမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger