www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 4, 2017

Export ဆန်အရည်အသွေး တိုးတက်လာမှုကြောင့် ယခုဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသည့် တန်ချိန်နှစ်သန်းပြည့် မီနိုင်ဟုဆို



နေပြည်တော် ၄-၅-၂၀၁၇

ဆန်ကုန်သည် အသိုက်အဝန်းတွင် Export ဆန်အရည်အသွေး ပိုမိုကောင်းမွန်ရန် ဆောင်ရွက်လာ မှုကြောင့် ယခုဘဏ္ဍာနှစ်တွင် ရည်မှန်းထားသည့် ဆန်တန်ချိန် နှစ်သန်းပြည့်မီ နိုင်ဖွယ်ရှိကြောင်း ပြည်တွင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန (နေပြည်တော်) မှ တာဝန် ရှိသူတစ်ဦးက ပြောပြသည်။

ထို့ပြင် ယခုနှစ်ပိုင်းတွင် ပြည်ပဆက်သွယ်ရေး ကွန်ရက်များ ပိုမိုကျယ်ပြန့်လာပြီး ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတကာ ဆန်ကုန်သည် များအဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်၍ နိုင်ငံ တကာဆန်အရောင်း အဝယ်လုပ်ငန်း ရှင်များတွေ့ဆုံဆွေးနွေးခြဲ့ပီး ပြည်ပ ဝယ်လက်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကမ္ဘာ့ဘဏ် လက်အောက်ခံအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာ ဆန်ကုန်သည်တွေနဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေ တွေ့ဆုံမှုကနေ ဈေးကွက်တွေ ဖော်ဆောင် နိုင်လိမ့်မယ်လို့ ထင်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောပြသည်။

ကမ္ဘာ့ဆန်ကုန်သည် များအဖွဲ့ဖြစ်သည့် RCTသည် နိုင်ငံတကာတွင် ဆန်ထွက်ရှိရာ နိုင်ငံများနှင့် ဝယ်ယူလိုသည့် နိုင်ငံများကို ချိတ်ဆက်ပေး ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ယခုမှစတင် ချိတ်ဆက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုမှာ တန်ချိန် ၁ ဒသမ ၇ သန်းရှိခဲ့ပြီး ရည်မှန်းချက် အသစ်ဖြစ်သည့် တန်ချိန် ၂ သန်းမှာ ဖြစ်နိုင်ခြေ ရှိသော အနေအထား ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံမှ ဝယ်လိုအား အခြေအနေ ကောင်းမွန်နေသကဲ့သို့ ဈေးနှုန်းမှာလည်း ကောင်းမွန်လျက် ရှိကြောင်းသိရသည်။ ထို့ပြင် EU ဝယ်လက်နှင့် အာဖရိကသို့လည်း တင်ပို့နိုင်ပြီး အာဖရိကမှ ဆန်ကွဲ ကိုအများဆုးံ ဝယ်ယူ လျက်ရှိသည်။ သို့သော် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် နိုင်ရန်အတွက် အခက်အခဲများ စွာရှိနေသေးပြီး ပြင်ဆင်ရမည့် အချက်များ စွာလည်း ရှိနေသေးကြောင်း သိရသည်။

လတ်တလော ဈေးကွက်တွင် ဆန်ဈေးမြင့်မားနေပြီး စပါးဈေး ကျဆင်းလျက်ရှိကာ ဈေးကွက် အနေအထားအရ Export အတွက် အလားအလာ ကောင်းများ ဖြစ်ကြောင်း သိရသည်။

ဆန်ဈေးကွက်သည် လှောင်လက်များ အဆွဲများ နေခြင်းကြောင့် ဈေးနှုန်းပြောင်းလဲမှု များနေရခြင်း ဖြစ်ကာ တရုတ်နိုင်ငံက ဝယ်ယူမှု မြင့်မားနေခြင်း ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger