www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 16, 2017

လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းသားများ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ သွားရောက်လေ့လာ



လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းသား၊သင်တန်းသူများ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ သွားရောက်လေ့လာကြစဉ်။


လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်သို့ သွားရောက်လေ့လာကြစဉ်။

နေပြည်တော် ၁၆-၅-၂၀၁၇

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဖွင့်လှစ်ထားရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ သွားရောက် လေ့လာကြသည်။

အဆိုပါ လေတပ်စခန်းဌာနချုပ်သို့ သင်တန်း ၁၄ ခုမှ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းသား၊ သင်တန်းသူ ၅၆ဝ ဦးတို့က ဌာနချုပ်ရှိ တိုက်ခိုက်ရေး လေယာဉ်များ၊ ကင်းထောက် လေယာဉ်များ၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ၊ လေကြောင်းပညာသိပ္ပံနှင့် လေကြောင်းထိန်း မျှော်စင်တို့အား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawdaydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger