www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 3, 2017

ဟုမ္မလင်းမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ တရားမဝင်သစ်များကို တွေ့ရစဉ်။ 

နေပြည်တော် ၂-၅-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင် ကျေးရွာအနီး တရားမဝင်သစ်များ သယ်ဆောင်လျက်ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက သွားရောက်ရှင်းလင်းရာ ဧပြီ ၃ဝ ရက် ညနေ
၎ နာရီ ၁၅ မိနစ်ခန့်တွင် နောင်ပိုအောင်ကျေးရွာ ၏မြောက်ဘက် ၁၂ မိုင်ခန့်အကွာ၌ တရားမဝင် အင်သစ်လုံးဆိုဒ်စုံ နှစ်တန်ခန့်နှင့် ကညင်သစ်လုံးနှင့် သစ်ခွဲသားဆိုဒ်စုံ ၅၈ တန်ခန့်တို့ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်း
ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ သစ်များအား ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger