www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 11, 2017

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်ခဲ့ သောကြောင့် လူနေအိမ်များ အမိုးလန်ခြင်း၊ အိမ်ပြိုခြင်းများဖြစ်ပေါ်ခဲ့



ဂန့်ဂေါ ၁၁-၅-၂၀၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အတွင်း မေ ၉ရက် ညနေ ၅နာရီခန့်က လေပြင်းတိုက်ခတ်၍ မိုးအနည်းငယ် ရွာသွန်းခဲ့သောကြောင့် လက်ရှိကောက်ယူ ရရှိထားသော စာရင်းများအရ ဂန့်ဂေါမြို့နယ် ဇာဟောရွာတွင် ၂၈အိမ်၊ကျွန်းဒတ်ရွာတွင် ၁၆အိမ်နှင့် လာပို့ရွာတွင် ၁၂အိမ် အမိုးလန်ခြင်း၊ အိမ်ပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

''မေလ ၉ရက် ညနေ ၅ နာရီ ကျော်မှာ လေတိုက်တာ တော်တော်ပြင်း ခဲ့ပါတယ်။ မိုးရွာတာတော့ နည်းပေမယ့် လေကတော်တော် ပြင်းတော့ အမိုးလန်တာတွေ များပါတယ်။ အခုလောလော ဆယ်မှာ မြို့နယ်တာဝန် ရှိသူတွေနဲ့ကူညီရေး လုပ်တာတွေကို ဆောင်ရွက်နေသလို ကူညီပံ့ပိုးတာတွေကို အမြန်ဆုံး ဆောင်ရွက်ပေး နိုင်အောင် လုပ်နေပါတယ်''ဟုပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယမင်းလှိုင်က ပြောပြသည်။

မေ ၉ရက်က တိုက်ခတ်ခဲ့ သောလေပြင်းကြောင့် အိမ်ခြေ ၆၅ဝကျော်ရှိသော ဇာဟောကျေး ရွာ၏အရှေ့ဘက်ခြမ်း၊ ဇာဟော ချောင်းဘေးတစ်လျှောက် အိမ်အများစု အမိုးလန်ခဲ့သလို ပြီးခဲ့သည့်လက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဇာဟောရွာ ၏အနောက် ဘက်နှင့် မြောက်ဘက်ရှိ အိမ်အများစု အမိုးလန်ခဲ့ခြင်း ဖြစ်ကြောင်း ဇာဟောကျေးရွာ ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger