www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 12, 2017

ဒါတွေပါမှ ခရီးသွားပါ




TMK ဘာသာပြန်သည် (၁၂-၅-၂၀၁၇)

ခရီးသွားဝါသနာ ပါလို့ဖြစ်စေ၊ အလုပ်ကိစ္စကြောင့် မဖြစ်မနေသွားရ လို့ဖြစ်စေ၊ ကားလိုက်မောင်း ပေးမယ့်လူက အချိန်ကပ်မှလိုက်မမောင်း ပေးနိုင်တော့ကြောင်း ပြောလို့ဖြစ်စေ၊ လမ်းမသိလို့၊ သူစိမ်းမြို့ ဖြစ်နေလို့ဆိုပြီး စိတ်ပျက်အား ငယ်ဖို့မလို တော့ပါဘူး။ မိုဘိုင်းဟမ်းဆက်ပါရင် ကိုယ့်ကိုယ်ကိုယ် လြုံခုံမှုရှိ တယ်လို့ ခံစားရတဲ့ထဲမှာ သင်လဲပါတယ်ဆိုရင် အောက်ပါ ခရီးသွား အက်ပလီကေးရှင်းတွေကို သွင်းထားလိုက်ပါ။

Hotel Tonight။ တစ်နယ်တစ်ကျေး ကိုရောက်တဲ့အခါ ကိုယ်စိတ်တိုင်း ကျတဲ့ဟိုတယ်ကိုရှာဖို့ Hotel Tonight အက်ပလီကေးရှင်းကို သွင်းထားပါ။ ဟိုတယ်အခန်းယူဖို့ အခြားအက်ပလီ ကေးရှင်းတွေလဲ ရှိပေမယ့် Hotel Tonight ရဲ့ အားသာချက် နှစ်ခုရှိပါတယ်။ ဟိုတယ်တွေရဲ့အရည်အသွေးကို သုံးသပ်ပြတာနဲ့ လျှော့ဈေးတွေကို ဖော်ပြနိုင်တာ တို့ဖြစ်ပါတယ်။ ဟိုတယ်ဈေးနှုန်းကြီး စဉ်ငယ်လိုက်စီပြီး ပြပေးနိုင်သလို ကိုယ်နဲ့အနီးဆုံး၊ ကိုယ်သုံးမယ့်ငွေနဲ့ အသင့် တော်ဆုံးဟိုတယ် ကိုရှာပြပြီး အခန်းယူဖို့၊ ငွေချေဖို့ အစအဆုံး လုပ်ပေးနိုင်တဲ့ အက်ပလီကေးရှင်း ဖြစ်ပါတယ်။

Citymapper။ မြို့သစ်တစ်မြို့မှာ ကားလမ်းတွေသိချင်ရင် Google maps ကြည့်လိုက်ရုံပဲဆိုတာ အများစု အသိပါ။ သို့သော် Citymapper က ပိုသာပါတယ်။ သုံးရတာလွယ်ကူတယ်၊ သယ်ယူပို့ဆောင်ရေး ယာဉ်အမျိုးမျိုးအကြောင်းနဲ့လမ်းကြောင်းကို ဖော်ပြပေးနိုင်တယ်၊ ကိုယ်ရောက်နေတဲ့နေရာ ကနေ ကိုယ်သွားချင်တဲ့ နေရာကို သွားဖို့ အသင့်တော်ဆုံး ယာဉ်အမျိုး အစားကိုလဲ အကြံပေးနိုင်ပါတယ်။

Google Trips ။ ခရီးသွားတဲ့အခါ သင့်စာရွက်စာတမ်းတွေ၊ ဘောက်ချာတွေ၊ လက်မှတ်တွေ အားလုံးကို ဒီဂျစ်တယ်စနစ်နဲ့ မှတ်တမ်းတင်ပေးတဲ့ အပလီကေးရှင်းပါ။ Google maps လဲ ဒီထဲမှာပါပြီးသား။ ကိုယ့်ခရီးစဉ်ကို အဆင့်ဆင့် စနစ်တကျ ဆွဲပေးတဲ့ အပလီကေးရှင်း ဖြစ်ပြီးတော့ ကိုယ့်ရဲ့ အကောင်းဆုံးခရီးသွား လမ်းညွှန်ဖြစ်လာ ပါလိမ့်မယ်။

Dark Sky ။ မရောက်ဖူးတဲ့ နိုင်ငံတွေ၊ မြို့တွေမှာ မိုးလေဝသ ကိုခန့်မှန်း ရခက်ပါတယ်။ Dark Sky က နာရီနဲ့ အမျှပြောင်းလဲ နိုင်တဲ့ မိုးလေဝသ အခြေအနေတွေကို ဖော်ပြပေးနိုင်ပါတယ်။ မိုးရွာမယ့်ရာခိုင်နှုန်း၊အပူချိန်၊ စိုထိုင်းဆ အစရှိတာတွေကိုဖော်ပြ ပေးနိုင်သလို နေရာအတော်များများ မှာ ရေဒါမြေပုံတွေကိုလဲ ကြည့်နိုင်မှာမို့ မိုးလေဝသ အခြေအနေကို ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ်။

Amazon Kindle'gကတော့ စာဖတ် ဝါသနာရှင်များ အတွက်ဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ စာအုပ်တွေသယ်ရင် ဝန်ပိုပါတယ်။ Kindle ကိုသွင်း ထားလိုက်ပါ။ အဲဒီထဲမှာ ကိုယ်ဖတ်ချင်တဲ့ e-book တွေ ထည့်ပြီး ဟန်မပျက် ဖတ်ရုံပဲပေါ့။ တက်ဘလက်မှာ ထည့်ထားပြီးသား ဆိုတာကလဲ လမ်းခရီးမှာ အီလက်ထရွန်းနစ် ပစ္စည်းတွေအားလုံးကို ပုံမှန်အားသွင်း နေဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခုခုကိုတော့ မြဲမြဲကိုင်ထား မှဖြစ်ပါမယ်။

Trip It ။ အခုတလော နိုင်ငံခြားသားတွေ လမ်းပြသိပ် မငှားကြတော့တာ Trip It လို အပလီကေးရှင်း တွေကြောင့်ပေါ့။ သုံးရတာကလဲ လွယ်လွန်းလို့ ခရီးစဉ်ပြင်ပြီးရင် ဘယ်နေ့ဘယ်သွားမယ် ဆိုတာတွေ အားလုံးကိုTrip It ထဲ သွင်းထားလိုက်ပါ။ သင့်ခရီးစဉ် ကိုသပ်သပ်ရပ်ရပ်လေး ဆွဲပေးပါလိမ့်မယ်။ သင်က ခရီးစဉ်အသေးစိတ် ရိုက်ထည့်ရမှာ ပျင်းတယ်ဆိုရင်လဲ သင်နဲ့ ခရီးသွားကုမ္ပဏီတွေ အပြန်အလှန်ပေးပို့ထားတဲ့ E-mailတွေကို Forward လုပ်ပေးလိုက်ပါ။ Trip It က ထွက်ခွာ၊ ဆိုက်ရောက် နေရာတွေကို အလိုအလျောက် ဆွဲထုတ်ပြီး ဘယ်အချိန်ကို ဘယ်နေရာမှာရှိနေရမယ်၊ အဲဒီကို ဘယ်လို သွားရမယ်၊ ဘာပြင်ဆင်ရမယ် အစရှိသည်ဖြင့် တောက်လျှောက် ပြောပြပေးနေမှာ ဖြစ်ပါတယ်။နေရာသစ်ကို ခရီးသွားတဲ့အခါ အများကြီး အထောက်အကူ ပြုမယ့် အပလီကေးရှင်း များအကြောင်း လေ့လာရေးသားတင်ပြ လိုက်ရပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ စာ(၃၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger