www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 2, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ကျေးရွာမီးလင်းရေး လုပ်ငန်းများအတွက် ငွေကျပ် ၅ ဒသမ ၃၂ ဘီလီယံအသုံးပြုသွားရန် လျာထား



နေပြည်တော် ၂-၅-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း တစ်ထောင်ကျော်ကို ကျေးရွာမီးလင်းရေး လုပ်ငန်းများအတွက် ငွေကျပ် ၅၈ဒသမ၈၃၂ ဘီလီယံအသုံးပြု ဆောင်ရွက်သွားရန် လျာထားကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ကျေးရွာမီးလင်းရေး လုပ်ငန်းများအတွက် ကျေးရွာပေါင်း ၁၂၃၃ ရွာအတွက် ငွေကျပ် ၅၈ ဒသမ ၈၃၂ ဘီလီယံကို အသုံးပြုဆောင်ရွက်သွားရန် လျာထားပြီး လုပ်ငန်းများဆောလျင်စွာ ဆောင်ရွက်ရန် အတွက် တင်ဒါများ စစ်ဆေးရွေးချယ်ခြင်း၊ စာချုပ်ချုပ်ဆို ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နမူနာပစ္စည်းများ စစ်ဆေး အကဲဖြတ် တပ်ဆင်ခြင်းကို ယခုနှစ်အောက်တိုဘာလ မှစတင် ဆောင်ရွက်မည် ဖြစ်ပြီး လာမည့် ၂ဝ၁၈ခုနှစ် ဇွန်လတွင် အပြီးသတ် ဆောင်ရွက်သွားရန် မျှော်မှန်း ထားကြောင်း သိရသည်။

၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ အတွင်းရှိ ကျေးရွာများအားလုံး မီးလင်းနိုင်ရေး အတွက် အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေး စီမံကိန်းကို အကောင်ထည် ဖော်လျက်ရှိရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က တစ်အိမ်ထောင် သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၂၇ဝ၈ရွာနှင့် အသေးစား ဓာတ်အားစနစ်ဖြင့် ကျေးရွာရှစ်ရွာတို့တွင် လျာထားဆောင်ရွက် ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger