www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 16, 2017

မြနန်းစံရွှေနန်းတော် အင်းဝမြို့ဟောင်းနှင့် ခံတပ်သုံးခုကို သမိုင်းကြောင်းဆိုင်ရာဒေသအဖြစ် ဖော်ဆောင်မည်



မန္တလေး ၁၆-၅-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်၊ အင်းဝမြို့ဟောင်း အပါအဝင် ခံတပ်သုံးခုသို့ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မြင့်တက်လာစေရန် သမိုင်းကြောင်း ဆိုင်ရာဒေသ
(Historical Park) အဖြစ် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

သမိုင်းဝင် ခရီးသွားလုပ်ငန်း နေရာသစ်များ ဖြစ်သော မြနန်းစံကျော်ရွှေနန်းတော်၊ အင်းဝမြို့ဟောင်း၊ သပြေတန်းခံတပ် ၊ အစေခံခံတပ် နှင့် ဆင်ကျုံးခံတပ် တို့ကို သမိုင်းကြောင်းဆိုင်ရာ ဒေသအဖြစ် ဖော်ဆောင်နိုင်ရန် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် ယခုလအတွင်း ဆွေးနွေးညှိနှိုင်း သွားမည် ဖြစ်ကြောင်း သိရသည်။

''ခရီးသွားလုပ်ငန်း အတွက် နေရာသစ်တွေ ဖော်ဆောင်တာ ကောင်းပါတယ်။ ဒီလိုဖော်ဆောင် တဲ့နေရာမှာ လည်းပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်စား ဖို့အတွက် သမိုင်းကြောင်း နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ တွေဖန် တီး ပေးဖို့လိုပါတယ် '' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ နေရာများကို ကွင်းဆင်းလေ့လာလျက် ရှိပြီးဈေးကွက်မြှင့် တင်ခြင်း၊ အမှတ်တရ ပစ္စည်းအရောင်း ဆိုင်များ၊ နားနေဆောင်များ ထားရှိနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် မှသိရသည်။

အဆိုပါ နေရာများသို့ လာရောက်ကြ သောနိုင်ငံခြား ခရီးသွားဧည့် သည်များကို ဝင်ကြေး ငွေကျပ် ၁ဝဝဝဝ နှင့် ပြည်တွင်း ခရီးသွားများကို ငွေကျပ် ၂ဝဝ နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး ၂ဝ၁၆ ခုနှစ် အတွင်းနိုင် ငံခြား ခရီးသွားဧည့်သည် ၁၈ဝဝဝဝ ခန့်လာရောက် လည်ပတ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger