www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, April 22, 2017

မြန်မာ-တရုတ်နယ်စပ် ပွိုင့်-၂၀၃၃ နေရာရှိ MNDAA အကြမ်းဖက်သောင်းကျန်းသူများ မရှုမလှ ဆုတ်ခွာထွက်ပြေးခြင်း


ပွိုင့်-၂၀၃၃ တောင်ကုန်းတိုင်ပွဲဖြစ်စဉ်တွင် တပ်မတော်က ရရှိသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ ခဲယမ်းအချို့ကို တွေ့ရစဉ်

တပ်မတော်သားများကို ပွိုင့်- ၂၀၃၃ တောင်ကုန်းအား သိမ်းပိုက်အပြီး တွေ့ရစဉ်။

ပွိုင့်-၂၀၃၃ တောင်ကုန်းနေရာတစ်ဝိုက်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၂-၄-၂၀၁၇

ယမန်နေ့နံနက် ဧပြီ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းနှစ်ခုက နှစ်နိုင်ငံနယ်စပ် အနီး ပွိုင့်-၂ဝ၃၃ တောင်ကုန်း၌ အခိုင်အမာ နေရာယူထားသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ စခန်းနှစ်ခုကို လက်နက်ကြီး ပစ်ကူရယူပြီး မိုးထဲရေထဲမှာ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် တက်ရောက်ချေမှုန်း သိမ်းပိုက်ရာ ပထမကုန်းအား ၁ဝ နာရီ မိနစ် ၂ဝ တွင် လည်းကောင်း၊ ဒုတိယကုန်းအား ၁၁ နာရီ ၂၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက်ရရှိပြီး ဆုတ်ခွာ ထွက်ပြေးသည့် ရန်သူအုပ်စု အတွင်းသို့ မိမိလက်နက်ကြီး များဖြင့် စုပြုံပစ်ခတ်မှု များကြောင့်လည်း ရန်သူတို့သေကျေ ဒဏ်ရာရမှု များပြားခဲ့၍ မိမိဘက်မှ စစ်သည် တစ်ဦးသာ လက်နက်ငယ် ဒဏ်ရာ (မစိုးရိမ်ရ )ရရှိခဲ့ကာ စခန်းနှစ်ခုမှ အာရ်ပီဂျီနှစ်လက် အပါအဝင် လက်နက်မျိုးစုံ ခြောက်လက်နှင့် ခဲယမ်း၊ လက်ပစ်ဗုံး အမြောက်အမြား ရရှိခဲ့ကြောင်း သိရှိရသည်။

ယခု သိမ်းပိုက်ရရှိသည့် ပွိုင့်-၂ဝ၃၃ နေရာသည် နှစ်နိုင်ငံနယ်စပ် လမ်းကြောင်းအား အခွင့်ကောင်း ယူ၍ ဘီပီ(၁၁၂)မှ ဘီပီ(၁၁ဝ) သို့ MNDAA အကြမ်းဖက် သောင်းကျန်းသူ များ၏ အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်သည့် လမ်းကြောင်းများ အနက် တစ်ခုအပါအဝင် ဖြစ်၍ ပိတ်ဆို့ ဟန့်တားသည့် အခွင့်ကောင်းကို တပ်မတော် စစ်ကြောင်းများမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါနယ်မြေ တစ်ဝိုက်အပါအ၀င် ပွိုင့်- ၂၁၄၅ အရှေ့ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်နေရာ အချို့ရှိ ကြွင်းကျန်နေသော အကြမ်းဖက် သောင်းကျန်းသူ စခန်းများကိုလည်း တပ်မတော် စစ်ကြောင်း အသီးသီးက ဆက်လက် ရှင်းလင်းလျက် ရှိနေသေးကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger