www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, April 22, 2017

သံတောင်ကြီးမြို့နယ်၊ သပြေညွန့်စံပြကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့ကဒေသခံပြည်သူများအား ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၂-၄-၂၀၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်စံပြကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဧပြီ ၂၀ ရက် ညနေပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဗာရာဏသီ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ ဆီးလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အဆစ်အမျက်ရောင် ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံ ပြည်သူစုစုပေါင်း ၂၂၀ ဦးကို လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကု သရန်လိုအပ်သော လူနာ ၁၁ ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ် ဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးဗိုလ်ချုပ် မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးသည်။ ထို့နောက် ဇရပ်ကြီးမြို့၊ နှင်းယွန်းဇေတ၀န် ကျောင်းဆရာတော် နိုင်ငံတော် သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒကအား သွားရောက်ဖူးမြော်၍ သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger