နယ်မြေခံတပ်မှ တာဝန်ရှိသူ တစ်ဦးက ဆေးကုသမှု ခံယူနေသော မိုင်းထိလူနာများ အတွက် ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။
နေပြည်တော် ၂၁-၄-၂၀၁၇
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်နေ ဒေါ်အလေးမိနှင့် ၎င်း၏သမီးသုံးဦး တို့သည် ဧပြီ ၁၉ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မံစီမြို့၏အရှေ့မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာ၌ တောင်ယာလုပ် ကိုင်နေစဉ် KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံးအား သမီးဖြစ်သူ မထုတောင်မှ နင်းမိပေါက်ကွဲသဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မထုတောင် (ဘ) ဦးဘရန်နန်မှာ နေရာတွင်ပင် သေဆုံးခဲ့ကာ မဂျီးပန်နှင့် မဂျာဆိုင်းပန် တို့တွင်လည်း မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့သည်။
အဆိုပါမိုင်းထိ လူနာများအား ဗန်းမော်ပြည်သူ့ ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူစေလျက်ရှိပြီး နယ်မြေခံတပ်မှ တပ်မတော်သားများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ ဆေးဝါးနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment