www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 21, 2017

ကွန်ဟိန်းမြို့နယ်အတွင်း တရားမ၀င်သစ်များ သိမ်းဆည်းရမိ

တရားမဝင်သစ်များတင်ဆောင်လာသည့် ယာဉ်ကိုတွေ့ရစဉ်။

နေပြည်တော် ၂၁-၄-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုင်းမွန်ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့် အကွာသို့ အရောက်၌ ရပ်တန့်ထားသော နစ်ဆန်း အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ 7J/---- နှင့် ယာဉ်ပေါ်တွင် တင်ဆောင်ထားသော တရားမ၀င် ပိတောက်စကွဲယား (ခန့်မှန်း ၁၆ တန်ခန့်) အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်း ရမိယာဉ်နှင့် တရားမ၀င်သစ်များအား မိုင်းနောင်မြို့ သစ်တောဦးစီး ဌာနနှင့် မိုင်းနောင် နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger