www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 17, 2017

သင်္ကြန်ကာလ၌ ရန်ကုန်မြစ်တွင် ကူးတို့သင်္ဘောများ အချိန်နှင့် အခေါက်ရေ ပြောင်းလဲပြေးဆွဲပေးမည်



ရန်ကုန် ၊ ၁၇-၃-၂၀၁၇

မဟာသင်္ကြန် ကာလအတွင်း ရေလမ်းခရီး အသုံးပြုနေသည့် ရေယာဉ်စီးခရီးသွား ပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင် စေရန် ရေယာဉ်ခရီး လမ်းကြောင်း အချိန်နှင့် အခေါက်ရေများ လျှော့၍ ပြေးဆွဲပေးမည် ဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁ဝဝ နှုန်းဖြင့် ပုံမှန်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန ဧရာဝတီဌာနခွဲမှ သိရသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ အနေဖြင့် လက်ရှိတွင် ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ အခေါက်ရေ ၄၆ ခေါက်နှုန်းဖြင့် ပို့ဆောင်ပေးနေပြီး သင်္ကြန်ကာလတွင် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ၂၆ ခေါက်သာ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန ဧရာဝတီဌာနခွဲမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးသိန်းမြင့် ကပြောသည်။

ရန်ကုန်-ဆိပ်ကြီးခနောင်တို ကူးတို့လမ်းကို သင်္ကြန်ကာလတွင် နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီအထိ အခေါက်ရေ ခြောက်ခေါက်နှုန်းသာ ပြေးဆွဲပေးမည်ဖြစ်ပြီး ဝါးတန်း- ဒလ ကူးတို့လမ်းတွင် လက်ရှိ အခေါက်ရေ ၂ဝ ပို့ဆောင်ပေးနေ သော်လည်း သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ အခေါက်ရေ ၁၂ ခေါက် ပို့ဆောင် ပြေးဆွဲပေးမည် ဖြစ်သည်။

ကုန်တင်ခရီးလမ်းများ အနေဖြင့် ပုံမှန် ခရီးစဉ်များ အတိုင်းသာ ပို့ဆောင်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger