www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 14, 2017

ကျောက်ဖြူ မြို့ရှိ ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာ မောရစ်ကောလစ် နေထိုင်ခဲ့သည့်အိမ် ထိန်းသိမ်းမှု အားနည်း ခြင်းကြောင့် ပျက်စီး ယိုယွင်းလာ



ကျောက်ဖြူ ၊ ၁၄-၃-၂၀၁၇

ရခိုင် ပြည်နယ် ကျောက်ဖြူမြို့ တွင် အင်္ဂလိပ် အစိုးရ လက်ထက် ခရိုင်ဝန် အဖြစ်နှင့် နေထိုင်ခဲ့သည့် ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာ မောရစ်ကောလစ် ၏ရှေးဟောင်း  နေအိမ် အဆောက် အအုံသည် ပြုပြင် ထိန်းသိမ်းမှု အားနည်းခြင်း ကြောင့် ပျက်စီး ယိုယွင်း လာကြောင်း သိရသည်။

အဆိုပါ နေအိမ်သည် ကျောက်ဖြူမြို့ အစိုးရ ရပ်ကွက် မြို့အကွက် အမှတ်(၂-ခ) တွင် တည်ရှိပြီး ၁၉၂ဝ ပြည့်နှစ် မတိုင်မီ အင်္ဂလိပ် အင်ဂျင်နီယာ တစ်ဦးက အင်္ဂလိပ်တို့၏ ဗိသုကာ လက်ရာများ ဖြင့်တည် ဆောက်ခဲ့ ခြင်းဖြစ်၍ ပြုပြုင် ထိန်းသိမ်းမှု အားနည်း ချက်ကြောင့် အိမ်၏ ကိုယ်ထည် အစိတ်အပိုင်း များမှာ ပျက်စီးလာ သဖြင့် ထိန်းသိမ်း ပြုပြင်ရန် လိုအပ် လာကြောင်း မြို့ခံ ကျောက်ဖြူ မြို့ရှိ ကမ္ဘာကျော် အင်္ဂလိပ်စာ ရေးဆရာ မောရစ်ကောလစ် နေထိုင်ခဲ့သည့်အိမ် ထိန်းသိမ်းမှု အားနည်း ခြင်းကြောင့် ပျက်စီး ယိုယွင်းလာ မြို့ခံ များက ပြောပြသည်။

ကမ္ဘာကျော် ဗြိတိသျှ အင်္ဂလိပ် စာရေး ဆရာ မောရစ်ကောလစ် သည် ၁၉၂ဝ ပြည့်နှစ်က ခရိုင်ဝန် အဖြစ် ရခိုင်ပြည်နယ် သို့ ရောက်ရှိပြီး ကျောက်ဖြူ မြို့ရှိ အဆိုပါ အိမ်တွင် ပထမဆုံး နေထိုင်ခဲ့ သည့်အတွက် ၎င်းကို အစွဲပြုပြီး ရခိုင်ပြည်သူ များက ယနေ့တိုင် မောရစ်ကောလစ် နေအိမ်ဟု ခေါ်ဝေါ်ခဲ့ ကြောင်း သိရသည်။

စာရေး ဆရာ မောရစ်ကောလစ် သည် ကျောက်ြဖူ၊ သံတွဲနှင့် စစ်တွေမြို့တို့တွင် ခရိုင်ဝန် အဖြစ် နေထိုင်ခဲ့ပြီး ရခိုင်ပြည် အကြောင်းနှင့် မြန်မာ နိုင်ငံ အကြောင်း အပါအဝင် စာအုပ် ပေါင်း ၃ဝ ကျော်ကို ရေးသား ခဲ့သည့် ကမ္ဘာကျော် အင်္ဂလိပ်စာ ရေးဆရာ  တစ်ဦး ဖြစ်ကြောင်း မောရစ် ကောလစ် သမိုင်းမှတ် တမ်းအရ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger