www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 13, 2017

ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ပြုလုပ်


ရတနာ စိန်ဖူးတော်အား ဆရာတော်များနှင့် တာဝန်ရှိသူတို့က ပင့်ဆောင်ပူဇော်ကြစဉ်။

ဆုတောင်းပြည့် အသောက စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပစဉ်။

နေပြည်တော်-၁၃-၃-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီး ခရိုင်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ၊ ကက္ကူ ကျေးရွာ အုပ်စု၊ ရှေးဟောင်း သမိုင်းဝင် မွေတော် ကက္ကူဘုရား ပရိဝုဏ် အတွင်းရှိ ဆုတောင်း ပြည့် အသောက စေတီတော် မြတ်ကြီးရွှေထီးတော် တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို ယနေ့နံနက် ပိုင်းတွင် အဆိုပါ စေတီတော်၌ ပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ သမ္မတအဖြစ် တာဝန်ယူ ထမ်းဆောင် ခဲ့သည့် ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်း ခိုင်သန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ အရှေ့ပိုင်း တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း နှင့် တာဝန်ရှိ သူများ၊ ပအိုဝ်း အမျိုးသား ခေါင်းဆောင် နာယကကြီး အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတ ဓရဝဏ္ဏကျော်ထင် ဦးအောင်ခမ်းထီ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး ဌာနမှ တာဝန်ရှိသူ များ၊ ဌာန ဆိုင်ရာ တာဝန် ရှိသူများ၊ စေတနာရှင် အလှူရှင် များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက် ကြသည်။ 

ဦးစွာ တက်ရောက် လာကြ သူများက ပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ မူလမင်းကွန်း တပ်ဦးဥတ္တရာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာ သီရိထံမှ ကိုးပါးသီလ ခံယူ ဆောက်တည် ကြပြီး သံဃာတော် များက ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူ ကြသည်။

ထို့နောက် ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ဆုတောင်းပြည့် အသောက စေတီတော်မြတ် ကြီး၏ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ပန်း ကလပ် များကို လှည်း ယာဉ်တော် ပေါ်သို့ တင်ဆောင်၍ ရှေးဟောင်း သမိုင်းဝင် မွေတော် ကက္ကူဘုရား ကြီးအား လက်ယာရစ် အတိုင်း ပင့်ဆောင်၍ လှည့်လည် ပူဇော် ကြသည်။ 

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူ များသည် ဆုတောင်းပြည့် အသောက စေတီတော် မြတ်ကြီး၏ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ပန်းကလပ်များ အား စေတီတော် အထွတ်တွင် တင်လှူ ပူဇော်ခဲ့ ကြသည်။

အဆိုပါ ဆုတောင်းပြည့် အသောက စေတီတော် မြတ်ကြီးသည် ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ထီးတော် မြေခ ပျက်စီး ခဲ့ရခြင်း ဖြစ်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များမှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း ၅ဝဝ နှင့် စေတနာရှင် အလှူရှင် တို့၏ လှူဒါန်း ငွေများဖြင့် ပြန်လည် မွမ်းမံ၍ ထီးတော် သစ်တင် လှူခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger