www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 24, 2017

မုံရွာကန်သာယာပတ်လမ်းတွင် ကျပ်တစ်သောင်းတန် နှင့် ငါးထောင်တန်များ လာရောက်စွန့်ပစ်ထားမှု ဖြစ်ပွား



မုံရွာာ ၊ ၂၄-၂-၂၀၁၇

မုံရွာမြို့ အောင်ချမ်းသာရပ် ရွှေတောင်တန်း ဟိုတယ် အရှေ့ဘက် ကန်သာယာပတ် ကားလမ်းပေါ်ရှိ ကုက္ကိုပင်ခြေရင်း တွင် ငွေကျပ် ၁ဝဝဝဝ တန်နှင့် ငွေကျပ် ၅ဝဝဝ တန်များကို အမျိုးသမီး နှစ်ဦးက အစိမ်းရောင် Super Cub ဖြင့် လာရောက် စွန့်ပစ်ခဲ့မှု ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စွန့်ပစ်ထားသော ငွေစက္ကူများကို ကောက်ယူခဲ့သူများ အနက် အောင်ချမ်းသာရပ် နှင့် အင်းရွာသစ်ရပ် နေ အမျိုးသမီးသုံးဦးက ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီခွဲခန့်တွင် မုံရွာမြို့မစခန်းမှူး ဒုတိယရဲမှူး တင်ယု ထံ လာရောက်အပ်နှံ ခဲ့ရာ သက်သေများ ရှေ့တွင် သိမ်းဆည်း၍ ရဲစခန်းတွင် ခေတ္တသိမ်းဆည်း ထားကြောင်း သိရသည်။

ကောက်ယူရရှိသူ သုံးဦးထံမှ ငွေကျပ် ၁ဝဝဝဝ တန်ငွေစက္ကူ ၁၂၉ ရွက်နှင့်ငွေကျပ် ၅ဝဝဝ တန် ၄၃ ရွက် စုစုပါင်းငွေကျပ် ၁၅ သိန်းငါးထောင် ကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါငွေစက္ကူ များသည် အစစ်များ ဟုတ်၊ မဟုတ်ကို တာဝန်ရှိသူ များက စစ်ဆေးရာ ငွေစက္ကူအစစ်များ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ၄င်းအနီးအနားရှိ ကွမ်းယာရောင်းသူ အမျိုးသမီး၏ ပြောပြချက် အရ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမျိုးသမီးနှစ်ဦးက လာရောက်စွန့်ပစ် သွားကြောင်း စုံစမ်းဖော်ထုတ် သိရှိရသည်။

လာရောက် အပ်နှံသော ငွေစက္ကူများတွင် လက်ရေးဖြင့် ရေးထားသော ၁၁၁၁၁၆ 3rd muster Dr Army စာတန်းပါ ငွေကျပ် ၁ဝဝဝဝ တန်များ၊ ၂၂၁ဝ၁ဝ၆ 4th won Army ဗမာပစာတန်းပါ ငွေကျပ် ၁ဝဝဝဝ တန်များ၊ ၁၆၁၁၅ Minhyuleus Army စာတန်းပါ ၁ဝဝဝဝ တန်များ၊ BST စာတန်းပါ ၅ဝဝဝ တန်များ ၊ ၁၆၁၁၁၆ Minhyuk 2vut Army ပစာတန်းပါ ငွေကျပ် ၁ဝဝဝဝ တန်များ၊ ၁၃၁၁၁၃ 3rdmuster Dr Army စာတန်းပါ ငွေကျပ် ၁ဝဝဝဝ တန် စသည်များ ပါဝင်ကြောင်းနှင့် ထိုသို့ လာရောက် စုပုံစွန့်ပစ်သည့် အကြောင်းရင်းကို ဆက်လက်စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger