www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 24, 2017

၂၀၁၆-၂၀၁၇ ခုနှစ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) 
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၁၆-၂၀၁၇ ခုနှစ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား 
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ကို 
Smoke Ball အား ရိုက်၍ဖွင့်လှစ်ပေးစဉ်
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) 
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များ ပြိုင်ပွဲဝင်အသင်း များမှ 
ကစားသမားများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ် 

နေပြည်တော် ၊ ၂၄-၂-၂၀၁၇

၂၀၁၆-၂၀၁၇ ခုနှစ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ် ပေးသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်
ပြိုင်ပွဲဝင်အသင်း များမှ အားကစား သမားများ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင် များသည် အားကစားသမား များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပရာ တီခုံအမှတ် (၁)၌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က Smoke Ball အားရိုက်၍ ဖွင့်လှစ်ပေးပြီး ပါဝင်ယှဉ်ပြိုင် ကစားကြမည့် ပြိုင်ပွဲဝင် အသင်းများမှ အားကစား သမားများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမား များက သတ်မှတ်တီခုံ အသီးသီး၌ စတင်ပါဝင်ယှဉ်ပြိုင် ကစားကြသည်။

၂ဝ၁၆ -၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၈ သင်းဖြင့် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ နေပြည်တော် ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်း တို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger