www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 3, 2017

သြစတြေးလျနိုင်ငံ Aus Heritages အဖွဲ့မှ သင်ကြားပေးသည့် နည်းလမ်းများအတိုင်း ပြတိုက်များရှိ ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းသွားမည်


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင် သုတေသနပြတိုက်

ရန်ကုန် ၊ ၃-၂-၂၀၁၇

မြန်မာနိုင်ငံ ပြတိုက်များရှိ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ကာလ ကြာရှည်စွာ ထိန်းသိမ်းနိုင်ရန် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ထိန်းသိမ်းရာတွင် အောင်မြင် ကျော်ကြားသည့် သြစတြေးလျ နိုင်ငံမှ Aus Heritages အဖွဲ့မှ သင်ကြားပေးသည့် နည်းလမ်းများ အတိုင်း ယခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြတိုက်များ၌ အဆိုပါ ပစ္စည်းများကို ထိန်းသိမ်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''ပြည်တွင်းမှာရှိတဲ့ ပြတိုက်တွေက ရှေးဟောင်း ပစ္စည်းတွေကို ကြာရှည်ခံအောင် မထိန်းသိမ်းဘူး ဆိုရင် တဖြည်းဖြည်း အနည်းနဲ့အများ ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံလာနိုင် ပါတယ်။ ဒါကြောင့် ပြည်ပ အဖွဲ့အစည်း တစ်ခုရဲ့ အကူအညီကို ယူပြီး ထိန်းသိမ်း စောင့်ရှောက် သွားမှာပါ''ဟု ၄င်းက ပြောသည်။

ဇန်နဝါရီ နောက်ဆုံးပတ်တွင် ယင်းအဖွဲ့က ပြည်တွင်းရှိ ထင်ရှားသည့် ပြတိုက်များမှ တာဝန်ရှိသူ များကို ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ထိန်းသိမ်းနည်း များကို သင်ကြားပေးခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး အနေဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်း သုတေသန ပြတိုက်၌ တာဝန်ရှိသူ များကို သင်ကြားပေး သွားမည် ဖြစ်သည်။

သြစတြေးလျနိုင်ငံမှ အဆိုပါ Aus Heritages အဖွဲ့သည် ပြတိုက်များမှ တာဝန်ရှိသူများနှင့် ထိန်းသိမ်း စောင့်ရှောက် ကြမည့် သူများအား ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းရာတွင် အသုံးပြု ရသည့် အကူပစ္စည်းများ အတွက် အမျိုးအစား အလိုက် ထားရှိမည့် အခန်းအပူချိန် များနှင့် ခင်းကျင်းမှု ပုံစံများတွင် အသုံးပြု ရမည့် နည်းလမ်းများကို သင်ကြားပေး ခဲ့သည်။

ယင်းနည်းလမ်း များကို အသုံးပြု၍ ပြတိုက်မှ တာဝန်ရှိသူ များနှင့် ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်မည့်သူ များက ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများကို ကာလ ကြာရှည်စွာ ထိန်းသိမ်းမှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger