www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 11, 2017

RB News Website တွင်ပါရှိသည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းသာ ဖြစ်ကြောင်းတွေ့ရှိ


ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဂေါ်ဒူသာရကျေးရွာ (တောင်)ရှိ ရပ်မိ ၊ ရပ်ဖများ ၊ ရွာသူ ရွာသားများနှင့် တွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၁-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရ ကျေးရွာ(တောင်) အတွင်းသို့ ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် တပ်မတော်သားများ ဝင်ရောက်၍ ရွာသားများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ အမျိုးသမီးများအား ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက် ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ကာ အမျိုးသား ခုနစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဇန်နဝါရီ ၈ ရက် RB News Website ၌ ရေးသား ဖော်ပြခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူ များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၉ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါကျေးရွာ သို့ သွားရောက်၍ ကျေးရွာတာဝန်ခံ၊ ရပ်မိ၊ ရပ်ဖများ၊ ရွာသူ၊ ရွာသားများနှင့် တွေ့ဆုံကာ သတင်း မှန်ကန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ မှန်ကန်မှု မရှိကြောင်း၊ တပ်မတော်သား များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနှင့် သတင်းရေးသား ထုတ်လွှင့်မှုများမှာ မမှန်မကန် ရေးသား ထုတ်လွှင့်မှုများသာ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထို့ပြင် အဆိုပါ RB News Website သည် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလည်း ဘင်္ဂါလီများ သေဆုံးမှုနှင့် နေအိမ်များ မီးလောင်ဆုံးရှုံးမှု သတင်းများကို မမှန်မကန် ရေးသားထုတ်လွှင့် ခဲ့သဖြင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ထုတ် မြဝတီသတင်းစာ တွင် သတင်းမှန်ပြန်ကြား ထုတ်ပြန်ခဲ့ရပြီး ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် မောင်တောဒေသ တွင် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် ဥပဒေနှင့်အညီ တာဝန်ရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ထိုသို့ လုပ်ဆောင်မှု များကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger