www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 19, 2017

ဂျပန်ယန်း ၉၃ ဒသမ ၉၇၀ ဘီလီယံရယူနိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


နေပြည်တော် ၊ ၁၉-၁-၂၀၁၇

မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်မည့် စီမံကိန်းငါးခု အတွက် ဂျပန်ယန်း ၉၃ ဒသမ ၉၇ဝ ဘီလီယံ ရယူ ဆောင်ရွက်ရေး နှင့် စပ်လျဉ်း၍ ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြောင်း သိရသည်။

ယင်းစီမံကိန်း ငါးခုမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ဆင်းရဲမှုလျှော့ချရေး အထောက်အကူ ပြုမည့် အခြေခံ အဆောက်အဦ တည်ဆောက်ရေး နှင့် ပြုပြင်ရေး လုပ်ငန်း စီမံကိန်းအဆင့်-၂၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဆင့်-၂ ဆင့် ချေးငွေစီမံကိန်း၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအဆင့်-၂၊ အပိုင်း(၁)၊ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး အဆင့်-၁၊ အပိုင်း(၂) စီမံကိန်းတို့ အတွက် ဂျပန်နိုင်ငံ မှ ပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှု ချေးငွေ (Official Development Assistance Loan) တို့ဖြစ်သည်။

အဆိုပါချေးငွေများ အတွက် စည်းကမ်းချက် များမှာ အတိုးနှုန်း တစ်နှစ်လျှင် သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဆိုင်းငံ့ကာလ ၁ဝ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၃ဝ စုစုပေါင်းချေးငွေ သက်တမ်း နှစ် ၄ဝ ဖြစ်သည်။ ယင်းချေးငွေများ ရယူရန် လဲလှယ်မှု စာချွန်လွှာကို ဂျပန်နိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာတဲရှီဟီဂူချီ နှင့် မြန်မာနိုင်ငံအစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger