www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 19, 2017

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၊ ၁၉-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ယိုးတရုတ်ကျေးရွာ၊ ပြင်လကျေးရွာ၊ ဘဲခူကျေးရွာ၊ အောင်ဆိပ်ကျေးရွာ၊ ရှင်တော်ကျေးရွာ၊ မြင်းဂံတော ကျေးရွာနှင့် ရမ်းဝကျေးရွာ များမှ ဒေသခံပြည်သူ များအား ဇန်နဝါရီ ၁၇ ရက်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ယိုးတရုတ် ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ အစာအိမ်ရောဂါ၊ အရိုး/အကြော/ အဆစ် ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ဆီးချိုရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ အရေပြားရောဂါ၊ လည်ပင်းကြီး ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် စုစုပေါင်း ၂၁၆ ဦးအား လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာလေးဦးအား စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger