www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 18, 2017

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေး အပြာရောင်ကမ္ပည်းဆိုင်းဘုတ် ကို ဗိုလ်ချုပ်ဈေး၌ တပ်ဆင်မည်



ရန်ကုန် ၊ ၁၈-၁-၂၀၁၇

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖြစ် အပြာရောင် ကမ္ပည်းဆိုင်းဘုတ် ကို ဇန်နဝါရီ ၂ဝ ရက်တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းဈေး ၌ တပ်ဆင်သွားမည် ဖြစ်ပြီး ဆက်လက်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် စိန်ပေါကျောင်း တို့၌လည်း တပ်ဆင်သွားရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ အပြာရောင် ကမ္ပည်း ဆိုင်းဘုတ်တပ်ဆင်ရေး စီမံကိန်း ပရောဂျက် မန်နေဂျာ ကိုသူရိန်အောင် ထံမှ သိရသည်။

''ကျွန်တော်တို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအတွက် အပြာရောင်ကမ္ပည်း ဆိုင်းဘုတ်တွေ တပ်ဖို့ သုတေသန အရင်ပြုလုပ် ရပါတယ်။ အချက်အလက် မှန်-မမှန် နဲ့ သမိုင်းကြောင်း မှန်၊ မမှန် စတာတွေကို သုတေသန ပြုလေ့လာပြီး သေချာမှတပ်ဆင် ရပါတယ်။ တပ်ဆင်တဲ့အခါ ထင်သာမြင်သာစွာ လေ့လာ ဖတ်ရှုနိုင်ဖို့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြထား ပါတယ်'' ဟု ကိုသူရိန်အောင် က ပြောသည်။

ယခုကဲ့သို့ အပြာရောင် ကမ္ပည်းဆိုင်းဘုတ် တပ်ဆင်ခြင်းကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့နှင့်အတူ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ဖိလစ် ကော်ပိုရေးရှင်း တို့က ပူးပေါင်းစီစဉ် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခုအခါ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖြစ် ပြသသည့် အပြာရောင် ကမ္ပည်းဆိုင်းဘုတ် ၁၅ ခုအထိ တပ်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ကာလရှည်တစ်ခု အနေဖြင့် ချမှတ်ထားပြီး ဆိုင်းဘုတ် ၁ဝဝ ပြည့်သည်အထိ ဆက်လက် တပ်ဆင်သွားရန် လျာထားကြောင်း သိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ မြို့ပြ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် အပြာရောင် ကမ္ပည်းဆိုင်းဘုတ်များ တပ်ဆင်ခြင်း အပြင် ရှေးဟောင်း အဆောက်အအုံများ ပြင်ဆင်ရန် နည်းပညာများ ပံ့ပိုးကူညီ ပေးခြင်း၊ ရှေးဟောင်း ပညာရပ်များ လေ့လာနိုင်ရန် သင်တန်းများ ပေးခြင်း၊ မူဝါဒများ ရေးဆွဲခြင်း နှင့် အသိပညာပေး ပြပွဲပြိုင်ပွဲများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger